ရန်ကုန်၊ မတ် ၉ ။ ။ လာမည့် သြင်္ကန်ကာလတွင် MPT မဏ္ဍပ်၌ရေကစားရန်အတွက် နေ့စဉ် လက်မှတ် ၃၀၀ ကို အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး MPT မှ chief commercial officer ဦးသိန်းဟုတ်က ပြောသည်။
ရန်ကုန်နှင့် မန္တလေးမြို့ကြီးနှစ်မြို့တွင် MPT ရေကစားမဏ္ဍပ်များကို ထားရှိသွားမည်ဖြစ်ပြီး အခမဲ့ရေကစားခွင့်လက်မှတ်ရယူချင်ပါက MPT နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသော အဖွဲ့အစည်းများတွင် စရင်းပေးသွင်းရမှာဖြစ်ကြောင်း ၊ပွဲတော်ရက်နီးလာပါက MPT facebook မျက်နှာတွင် အသေးစိတ် တရားဝင်ထုတ်လွှင့်ကြေငြာပေးသွားဖြစ်ကြောင်း ၎င်းကပြောသည်။
ရန်ကုန်မဏ္ဍပ်တွင် Lucky Handတီးဝိုင်းနှင့်အတူ ပေါ့ပ် ရော့ခ်အဆိုတော်များဖြစ်ကြသည့် ဝိုင်းစုခိုင်သိန်း၊ ချစ်ကောင်း၊ မေခလာ၊ ဂျီလတ်၊ အောင်ထက်၊ ဂရေဟမ်တို့က ဖျော်ဖြေပေးသွားမည်ဖြစ်ပြီး မန္တလေးတွင် Iron Cross တေးဂီတအဖွဲ့နှင့်အတူ လေးဖြူ၊မျိုးကြီး၊အငဲ၊ဝိုင်ဝိုင်း၊တို့ဖြင့် ဖျော်ဖြေသွားမည်ဖြစ်သည်။