ဝါရှင်တန်၊ ဖေဖော်ဝါရီ - ၁၂ ။ ။ မြောက်ကိုရီးယား စစ်တပ်အကြီးအကဲမှာ သုတ်သင်ကွက်မျက်ခံရသည်ကို သံသယရှိစရာမလိုကြောင်း သေဆုံးကြောင်းသတင်းများ ထွက်ပေါ်လာပြီး ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
“ခေါင်းဆောင်တစ်ယောက်က ကာလအပိုင်းအခြားအလိုက် သူ့ရဲ့ အစိုးရအဖွဲ့အတွင်းမှာ သုတ်သင်ရှင်းလင်းရေးတွေလုပ်နေတော့ ဒါဟာ မြောက်ကိုရီးယားမှာ ဖြစ်နေကျပါ” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂိုလ် မာ့ခ် တိုနာက ပြောကြားခဲ့သော်လည်း ကွက်မျက်မှုသတင်းကို အတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။
မြောက်ကိုရီးယား စစ်တပ်အကြီးအကဲ ရီယောင်ဂျီကို နိုင်ငံရေး ဂိုဏ်းခွဲထောင်ပြီး အကျင့်ပျက်ခြစားသည့်အတွက် ယခုလအစောပိုင်းက သုတ်သင်ကွက်မျက်ခဲ့သည်ဟု တောင်ကိုရီးယားမီဒီယာက ဗုဒ္ဓဟူးနေ့က သတင်းပို့ခဲ့သည်။
“အရင်ကလည်း ကျနော်တို့ မြင်ခဲ့ပြီးပါပြီ။။ ဒီလိုအချိန်မျိုးမှာ ဒီပုဂိုလ် သုတ်သင်ကွက်မျက်ခံခဲ့ရတယ်ဆိုတာ သံသယရှိစရာမလိုပါဘူး”ဟု တိုနာက ပြောကြားခဲ့သည်။
ပြုံယမ်းနှင့် သံတမန်အဆက်အသွယ်မရှိသည့် အမေရိကန်အစိုးရအနေဖြင့် မြောက်ကိုရီးယားအစိုးရအတွက် ကွက်မျက်မှုက မည်သည့်အကျိုးဆက်များ ဖြစ်လာမည်ကို မမှန်းဆနိုင်ကြောင်းလည် တိုနာက ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏ မကြာသေးမီက နျူကလီးယားစမ်းသပ်မှုနှင့် တာဝေးပစ် ဒုံးကျည် ပစ်လွှတ်မှုများကြောင့် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်မားလာနေချိန်တွင် သုတ်သင်ကွက်မျက်မှုသတင်း ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။
နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားက ကမ္ဘာကြီးကို ဗြောင်ကျကျ ခြိမ်းခြောက်နေကြောင်းလည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။