ဝယ်လင်တန်၊ ဖေဖော်ဝါရီ ၉ ။ ။ ဖေဖော်ဝါရီ ၉ က နယူးဇီလန်နိုင်ငံ၏ မြို့တော်ဝယ်လင်တန်တွင် ၅ ဒသမ ၇ ပြင်းအားရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်ဟု နိုင်ငံ၏ ငလျင်လေ့လာစောင့်ကြည့် သည့်အဖွဲ့က ပြောသည်။
ငလျင်၏ဗဟိုချက်မှာ South Island ၏မြောက်ဖက် စိန့်အာနောက်မြို့ကလေး၏ အရှေ့တောင်ဘက် ၃၅ကီလိုမီတာအကွာတွင်ရှိပြီး ၆၂ကီလိုမီတာအနက်မှ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု Geonet ၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
လူဦးရေ ၄၅၀,၀၀၀၀န်းကျင်ရှိ ဝယ်လင်တန်တွင် ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရကြောင်း ရိုက်တာမှ မျက်မြင်သက်သေများက ဆိုသည်။ ပျက်စီးမှု၊ ဒဏ်ရာရရှိမှုတို့နှင့် ပတ်သက်၍ ကနဦးသတင်းများ ထွက်ပေါ်မလာသေးပေ။
နယူးဇီလန်တွင် ငလျင်များလှုပ်လေ့ရှိပြီး ယင်းကျွန်းနှစ်ကျွန်းမှာ သြစတြေးလျ-ပစိဖိတ် မြေထုချပ်အနားစွန်းတွင် တည်ရှိနေသည်။ ၂၀၁၁က တိမ်သော ၆ဒသမ၃ပြင်းအားရှိ ငလျင်တစ်ခု ကန်တာဘူရီဒေသတွင် လှုပ်ခတ်ခဲ့ရာ လူ၂၀၀နီးပါးသေဆုံးခဲ့ပြီး ဒုတိယအကြီးဆုံးမြို့ ခရစ္စချာ့ချ်ကို ပြိုလဲစေခဲ့သည်။