အိန္ဒိယစီးပွားရေးဖွံ့ဖြိုးမှု ၂၀၁၅ တွင် တရုတ်ကို ကျော်တက်

အိန္ဒိယစီးပွားရေးဖွံ့ဖြိုးမှု ၂၀၁၅ တွင် တရုတ်ကို ကျော်တက်

နယူးဒေလီ၊ ဖေဖော်ဝါရီ ၉ ။             ။ ၂၀၁၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးနှုန်းက ၇ ဒသမ ၅ ရာခိုင်နှုန်း ပျှမ်းမျှရှိခဲ့ရာ တရုတ်နိုင်ငံက ၆ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိနေ၍ လျင်မြန်စွာ ဖွံ့ဖြိုးနှုန်း ပိုသာလွန်ခဲ့ခြင်းဖြစ်ကြောင်း တရားဝင်စာရင်းများတွင် ဖော်ပြသည်။

ကာလရှည်အတွင်း ယင်းသည် ပုံမှန်မဟုတ်ဘဲ မျှော်လင့်ထားခြင်းလည်း မရှိသည့် ဖြစ်ရပ်ဖြစ်ကာ အိန္ဒိယက တရုတ်ထက်ပို၍ ဖွံ့ဖြိုးမှုနှုန်း မြန်ဆန်နေခြင်းပဲဖြစ်သည်။

ယင်းသို့ တရုတ်ထက် အိန္ဒိယက သာလွန်ခဲ့ခြင်းသည် ၁၉၈၁၊ ၁၉၈၉၊ ၁၉၉၀ နှင့် ယခု ၂၀၁၅ တို့တွင် ဖြစ်ပေါ်ခဲ့ပြီး ထောင်စုနှစ်အတွင်း စီးပွားရေးသာလွန်မှု ပထမဆုံး သက်သေပြယုဂ်လည်းဖြစ်သည်။

အောက်တိုဘာမှ ဒီဇင်ဘာ သုံးလပတ်အတွင်း ဖွံ့ဖြိုးနှုန်းက ယခင်သုံးလပတ်များထက် အနည်းငယ်ကျပြီး ၇ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်သည်။

၂၀၁၅ နောက်ဆုံးသုံးလပတ်တွင် စီးပွားရေး ကျဆင်းမှုများ ရှိခဲ့လင့်ကစား ဖွံ့ဖြိုးမှုနှုန်းက အလားတူသုံးလပတ် တရုတ်ဖွံ့ဖြိုးမှုထက် သာလွန်ခဲ့သည်။

အိန္ဒိယနိုင်ငံသည် စီးပွားရေးဖော်ဆောင်မှုလုပ်ငန်းများတွင် ပြက္ခဒိန်နှစ်ထက် တိုင်းတာခြင်းထက် ဘဏ္ဍာနှစ်ထက် တိုင်းတာခြင်းဖြစ်သည်။

၂၀၁၆ မတ်လတွင် ကုန်ဆုံးမည့် ယခုဘဏ္ဍာနှစ်အတွက် အိန္ဒိယ၏ ဖွံ့ဖြိုးမှုနှုန်းက ၇ ဒသမ ၆ ရာခိုင်နှုန်းရှိလိမ့်မည်ဟု ဝန်ကြီးချုပ် မိုဒီအစိုးရက ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required