နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများရွေးချယ်တင်မြှောက်နိုင်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေးများကို ၂၀၁၆၊ မတ်လ ၁၇ရက်တွင် စတင်ပြုလုပ်ကြရန် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ဖေဖော်ဝါရီ ၈ရက်တွင် ညွှန်ကြားလိုက်သည်။
လွှတ်တော်နှစ်ရပ်နှင့် လွှတ်တော်တွင် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ထားသည့် စစ်တပ်တို့က သမ္မတလောင်း အမည်စာရင်းကို တင်သွင်းရမည်ဖြစ်ပြီး ယင်းသုံးဦးအနက်မှ မဲပေးရွေးချယ်ကာ သမ္မတသစ်ကို တင်မြောက်ရမည်ဖြစ်သည်။