စပိန်၊ ဖေဖော်ဝါရီ ၄ ။ ။ ဘာစီလိုနာအသင်းက ဗလင်စီယာအသင်းကို ၇-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ကိုပါဒယ်ရေးဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွင် လီယွန်နယ်မက်ဆီသည် အနိုင်ဂိုး ၃ ဂိုးသွင်းယူပေးနိုင်ခဲ့သည့်အတွက် ကစားသမားဘဝတစ်လျှောက် သွင်းဂိုး ၅၀၀ ပြည့်မြောက်သွားခဲ့ပြီ ဖြစ်သည်။
မက်ဆီသည် ထိုပွဲမကစားမီက ၄၉၈ ဂိုးသွင်းယူထားပြီး ဗလင်စီယာကို ဟက်ထရစ်သွင်းနိုင်ခဲ့သည့်အတွက် ၎င်း၏ကစားသမားဘဝတွင် သွင်းဂိုးပေါင်း ၅၀၁ ဂိုး ရှိသွားပြီ ဖြစ်သည်။
မက်ဆီ၏ ထိုသွင်းဂိုး ၅၀၁ ဂိုးတွင် အာဂျင်တီးနား ယူ-၂၀နှင့် ယူ-၂၃ အသင်းတို့တွင် သွင်းယူခဲ့သည့် သွင်းဂိုး ၁၆ ဂိုးလည်း ထည့်သွင်းရေတွက်ထားသည်။
အသက် ၂၈ နှစ်အရွယ်ရှိ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ငါးဆုပိုင်ရှင် မက်ဆီသည် ဘာစီလိုနာအသင်းအတွက် ၄၃၆ ဂိုး၊ အာဂျင်တီးနားလက်ရွေးစင်အသင်းကြီးအတွက် ၄၉ ဂိုး သွင်းယူပေးထားသည်။
ရည်ညွှန်း ဖောက်စ်စပို့