ခတ္တမန္တူ၊ ဖေဖော်ဝါရီ ၂ ။ ။ ကိုရီးယားနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ KOICA က လာအိုတွင် အသေးစားရေအားလျှပ်စစ် စက်ရုံတည်ဆောက်ရေးအတွက် ကနဦးတိုင်းတာမှု များအတွက် ပညာရှင်အဖွဲ့တစ်ဖွဲ့ကို ဗီယက်ကျန်းပြည်နယ်သို့ စေလွှတ်ထားပြီဖြစ်သည်။
ယခုကနဦးတိုင်းတာမှုကို အချက်အလက်များစုဆောင်းကာ စီမံကိန်းဖြစ်နိုင်ခြေအတွက် တိုင်းတာသွားမည်ဖြစ်သည်။ ယခုအသေးစားရေအား ဓာတ်အားပေးစက်ရုံအတွက် ဆာစီခရိုင်အတွင်းရှိ ဟွေပွမ်မွမ်၊ နမ်ခက်နှင့် နမ်ဆာနာ မြစ်သုံးမြစ်နေရာတွင် အဆိုပြုလျာထားသည်။
၎င်းတို့၏ ခရီးစဉ်အတွင်း လာအိုစွမ်းအင်၊ သတ္ထုနှင့် လျှပ်စစ်ဓာတ်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးလျက်လည်းရှိသည်။
နှစ်ဖက်စလုံးက ပညာရှင်များက အစီအစဉ်များ၊ ဘတ်ဂျတ်တွက်ချက်မှုများ၊ လုပ်ငန်းကိုင်ငန်းများနှင့် စီမံကိန်းအောင်မြင်ရေးတို့အတွက် ဆွေးနွေးအဖြေရှာလျက်ရှိကြသည်။
“လာအိုမှာ ရေအရင်းအမြစ်ပေါကြွယ်ဝခြင်းက အသေးစားရေအားလျှပ်စစ်စီမံကိန်းများကို တည်ဆောက်နိုင်မှာဖြစ်ပြီး လိုအပ်ချက်ကြီးထွားလာနေတဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီး နိုင်ငံအနှံ့စွမ်းအင်ထောက်ပံ့မှုကို ဖူလုံစေမှာဖြစ်ပါတယ်။”ဟု လာအိုဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီး ကင်ဆိုးဂန်က ပြောခဲ့သည်။