လက်ရှိအစိုးရလက်ထက်မှာ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနက အသေးစား၊ အလတ်စား စီပွားရေးလုပ်ငန်း (SMEs) တွေအတွက် ငွေကြေး၊ နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်တွေကို အာဆီယံအပါအဝင် ပြည်တွင်းပြည်ပကနေ အကူအညီတွေရယူပြီး ဆောင်ရွက်နေပေမယ့်လည်း အခက်အခဲတွေအများကြီးရှိနေပါတယ်။
ငွေကြေးဆိုင်ရာဥပဒေတွေ ပြဌာန်းတာမျိုး၊ စစ်မှန်တဲ့ ဘဏ်လုပ်ငန်းတွေ ပေါ်ပေါက်လာအောင် ပြုလုပ်တာမျိုး၊ ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေးဆိုင်ရာ ဖွံဖြိုးလာအောင် လုပ်ဆောင်ပေးတာမျိုး၊ နိုင်ငံတကာရဲ့ ငွေကြေး၊ နည်းပညာပိုင်းဆိုင်ရာအကူအညီတွေ ရယူဆောင်ရွက်ပြီး အသေးစား၊ အလတ်စား စီပွားရေးလုပ်ငန်း (SMEs) တွေ ဖွံ့ဖြိုးတိုးတက်လာအောင် နောင်လာမယ့် အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရသစ်က လုပ်ဆောင်ပေးမလား ဆိုတာကို ဦးမင်းခင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေးကော်မတီ အဖွဲ့ဝင် )၊ဦးစိုးဟိန်း (MD, SMEs Business Institute)၊ဦးဇင်ဖြိုးပိုင် ( CEO & Consultant of FURTURE MYANMAR )ဒေါက်တာ အိရွှေစင်ထွန်း ( ညွှန်ကြားရေးမှူး၊ အသေးစား၊အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန ) တို့က Mizzima Dialogue ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ "အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အနာဂါတ် အလားအလာ" ခေါင်းစဉ်မှာဆွေးနွေးသွားကြတာပါ။ Moderator အဖြစ် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း (MJA) ဥက္ကဌ ဆရာဦးသီဟစော က ပါဝင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။