နိုဝင်ဘာ ၁၆၊ မန်ချက်စတာ ။ ။ လာမည့်ရာသီတွင် ပရီးမီးယားလိဂ်သို့ ပြန်လာချင်သည်ဟု အန်ဆလော့တီက ဝန်ခံပြောဆိုလိုက်သည်။ ၂၀၁၄-၁၅ ဘောလုံးရာသီကုန်တွင် ရီးယဲလ်မက်ဒရစ် အသင်းမှထုတ်ခံရသည့် အီတလီလူမျိုးနည်းပြသည် ချယ်လ်ဆီးအသင်းကို ၂၀၀၉ မှ ၂၀၁၁ ထိ နှစ်နှစ်ကြာကိုင်တွယ်ခဲ့ ဖူးသည်။
၎င်း၏အသင်းဟောင်းချယ်လ်ဆီးမှာ မော်ရင်ဟို၏လက်အောက်တွင် အဆင့် ၁၆ နေရာသို့ရောက်နေရာ အန်ဆလော့တီကို ပြန်လည်ဆက် သွယ်နေသည်ဆိုသော သတင်းများလည်းထွက်ပေါ်နေသည်။
သို့သော် အသက် ၅၆ နှစ်ရှိ အန်ဆလော့တီက အင်္ဂလန်သို့ပြန်လာချင်နေသော်လည်း ယခုနှစ်ဘောလုံးရာသီတွင် အလုပ်တစ်ခုခုလက်ခံမည် မဟုတ်ဟု အခိုင်အမာပြောသည်။
"ပြင်သစ်နဲ့စပိန်မှာ သိပ်ကောင်းတဲ့အတွေ့အကြုံတွေရခဲ့ပါတယ်။ အရေးကြီးဆုံးကတော့ စီမံကိန်းကောင်းကောင်းနဲ့အသင်းတစ်သင်းရှာပြီး စတင်ဖို့ပါပဲ။ အင်္ဂလန်မှာဆိုရင်တော့ ပိုကောင်းတာပေါ့။ ဒီနှစ်ကုန်ထိတော့နားနေဦးမှာဖြစ်ပြီး နောက်ရာသီမှ အသင်းသစ်ရှာပါမယ်။ အင်္ဂလန် မဟုတ်ဘဲ တခြားနိုင်ငံတစ်နိုင်ငံလည်းဖြစ်နိုင်ပေမယ့် အခုတော့မဟုတ်ပါဘူး"ဟု အန်ဆလော့တီက ဘီဘီစီသို့ပြောသည်။
၂၀၁၀ တွင် ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ဖလားရယူနိုင်ခဲ့သည့် အန်ဆလော့တီက မော်ရင်ဟိုမှာ ချယ်လ်ဆီးနည်းပြရာထူးအတွက် အကောင်းဆုံးဖြစ်သည်ဟုလည်း ထောက်ခံခဲ့သည်။
Ref; goal.com