နိုဝင်ဘာ ၁၂ ။ ။ မြန်မာနိုင်ငံ၏ သမိုင်းဝင် ရွေးကောက်ပွဲတွင် အတိုက်အခံပါတီ အောင်နိုင်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဂုဏ်ပြုစကားပြောကြား ခဲ့သည်။
နိုဝင်ဘာ ၈ ရွေးကောက်ပွဲ ရလဒ်ကြေညာဆဲတွင် နိုဝင်ဘာ ၁၂ ရက်အထိ ရလဒ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက အပြတ်အသတ် အနိုင်ရရှိထားသည်။
နိုဝင်ဘာ ၈ ရက် ညပိုင်းက သမ္မတအိုဘားမားက ဒေါ်အောင်ဆန်းစုကြည်သို့ ဖုန်းဖြင့် ဂုဏ်ပြုစကား ပြောကြားရာတွင် မြန်မာဒီမိုကရေးစီ အရေးတွင် "မလျှော့သောဇွဲဖြင့် မမောမပန်းနိုင် ကြိုးစားအား ထုတ်မှုများနှင့် နှစ်ပေါင်းများစွာ အနစ်နာခံခဲ့မှုများအတွက်" ချီးကျုးစကား ဆိုခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန် သည်။ သမ္မတအိုဘားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရွေးကောက်ပွဲရလဒ်အပေါ်
အဖွဲ့အစည်းအားလုံးက အလေးထားရေး အရေးကြီးကြောင်းကိုလည်း ပြောဆို ဆွေးနွေးခဲ့သည်။ သမ္မတ အိုဘားမားက သမ္မတကြီး ဦးသိန်းစိန်ထံသို့လည်း ရွေးကောက်ပွဲ အောင်နိုင်မှုနှင့် ရလဒ်အပေါ် အလေးထားဖို့ အရေးကြီးကြောင်း ဖုန်းခေါ်ဆို ဂုဏ်ပြုစကား ပြောဆိုခဲ့သည်။