ကမ္ဘာကျော် ဗြိတိသျှ အဆိုတော် Phil Collins က သူသည် ဂီတလောကမှ အနားယူနေခြင်းအား အဆုံးသတ်လိုက်ပြီဖြစ်ကာ၊ဂီတဖျော်ဖြေရေးခရီးစဉ် တစ်ခုကို စီစဉ်လျက်ရှိကြောင်း ဆိုခဲ့သည်။
Rolling Stone မဂ္ဂဇင်း နှင့် အင်တာဗျူး တစ်ခုတွင် “ကျွန်တော် အငြိမ်းစား ဆက်မယူတော့ပါဘူး” ဟု သူက ပြောခဲ့သည်။
Genesis ဂီတအဖွဲ့သား တစ်ဦးလည်း ဖြစ်သည့် အသက် ၆၄ နှစ် အရွယ် Phil Collins က ၂၀၁၁ ခုနှစ်က ပြောခဲ့ရာတွင် သူသည် သူ၏ သားငယ်နှစ်ဦးအတွက် အချိန်များများ ပေးနိုင်ရန် ဂီတလောကမှ အနားယူတော့မည် ဖြစ်ကြောင်း ဆိုခဲ့သည်။
ယခုအခါတွင်မူ သူက Rolling Stone မဂ္ဂဇင်းအား “နောက်ထပ် ဂီတလုပ်ငန်းတွေ ကျွန်တော် မလုပ်တော့ဘူးဆိုရင် မိုက်မဲရာကျမှာပါ” ဟု ပြောခဲ့သည်။