အောက်တိုဘာ ၇၊ လန်ဒန်။ ။ မန်ယူအသင်းအနေဖြင့် ပရီးမီးယားလိဂ်ဖလားပြန်ရရန် လီဗာပူးလ်အသင်းကဲ့သို့ ကာလရှည်မစောင့်ရနိုင်ဟု မန်ယူကွင်းလယ်ကစားသမား ဟောင်း ဘက်ဟမ်းက ယုံကြည်နေသည်။
မန်ယူအသင်းသည် ဆာအဲလက်စ်ဖာဂူဆန်နောက်ဆုံးကိုင်တွယ်သည့် ၂၀၁၂ တွင် ၁၉ ကြိမ်မြောက်ဖလားရပြီးနောက် အမှတ်ပေးဖလားနှင့် ဝေးကွာနေခဲ့သည်။
လီဗာပူးလ်အသင်းမှာ ပြည်တွင်းအမှတ်ပေးဖလားနှင့်ဝေးကွာနေသည်မှာ ၂၅ နှစ်ရှိပြီဖြစ်သော်လည်း ပရီးမီးယားလိဂ်ဖလား ခြောက်ကြိမ်ရဖူး သည့် ဘက်ဟမ်းကမူ မန်ယူအသင်းအနေဖြင့် ယင်းကဲ့သို့မဖြစ်နိုင်ဟု ယုံကြည်နေခြင်းဖြစ်သည်။
"အဲဒီလိုမဖြစ်နိုင်ပါဘူး။ ဆုဖလားတွေမရနိုင်ဘူးလို့ ကျွန်တော်ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး"ဟု ဘက်ဟမ်းက ပြောသည်။
ကုလသမဂ္ဂကလေးများရန်ပုံငွေပွဲစဉ်အတွက် မန်ယူအသင်းသို့ပြန်ရောက်လာစဉ် ဘက်ဟမ်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
Ref; goal.com