ဂွါတီမာလာမြို့တော်နှင့် မဝေးကွာသည့် အရပ်ရှိ ရွာတစ်ရွာတွင် မြေပြိုမှုဖြစ်ပွားရာ ကယ်ဆယ်ရေးလုပ်သားများက မြေများတူးဆွကာ အပျက်အစီးများကြားက လူများကို ရှာဖွေနေရပြီး ပျောက်ဆုံးသူ လူပေါင်းမှာ ရာနှင့်ချီကာ ရှိနေသည်။
အီကမ်ဘရေးဒို့စ် ကျေးရွာတွင် ယင်းမြေပြိုမှု၌ သေဆုံးအလောင်းပေါင်း ၂၆ ကို ရှာဖွေရရှိထားကြောင်း ကယ်ဆယ်ရေးဌာနက ပြောသည်။
မိုးသည်ထန်မှုကြောင့် အောက်တိုဘာ ၁ ရက်တွင် ဂွါတီမာလာစီးတီးအရှေ့ဖက် ကိုးမိုင်အကွာက ယင်းရွာတွင် စတင်မြေပြိုမှုများဖြစ်ပွားခြင်းဖြစ်သည်။
ဒဏ်ရာရသူများနှင့် အိမ်ခြေမဲ့ဖြစ်သွားသူများကို ကယ်ဆယ်ရေးစခန်းများသို့ ပို့ဆောင်ထားသည်။
သေဆုံးသူ ၂၆ လောင်းကို တွေ့ရှိပြီး ဒဏ်ရာရသူပေါင်း ၃၆ ဦးကို ဆေးရုံတင်ပို့ထားကြောင်း ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးက ပြောသည်။
Ref: BBC