ကမ္ဘာကျော် The Beatles (ဘီးတဲလ်စ်) တေးဂီတအဖွဲ့၏ ပထမဆုံး တေးဂီတ single အခွေအတွက် စာချုပ်ကို နယူးယောက်မြို့ရှိ လေလံပွဲတစ်ခုတွင် ဒေါ်လာ ခုနစ်သောင်းခွဲဖြင့် ရောင်းချနိုင်ခဲ့ သည်။
“My Bonnie” single အခွေအတွက် စာချုပ်ကို ၁၉၆၁ ခုနှစ်တွင် ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး ရော့အင် ရိုး သီချင်းတစ်ပုဒ် ဖြစ်သည်။ ထိုခွေကို “Tony Sheridan နှင့် the Beat Brothers” ဂီတအဖွဲ့နာမည်ဖြင့် ထုတ်ခဲ့ခြင်းဖြစ်ပြီး၊ နောက်ပိုင်းတွင် The Beatles ဂီတအဖွဲ့၏ မန်နေဂျာ ဖြစ်လာခဲ့သည့် Brian Epstein ၏ စိတ်ဝင်စားမှှု ကို ရရှိခဲ့သည်။
စာမျက်နှာ ခြောက်မျက်နှာ ပါဝင်သည့် ထိုစာချုပ်အား Beatles ဂီတအဖွဲ့၏ အမှတ်တရ ပစ္စည်း များ စုဆောင်းသူ Uwe Blaschke ၏ အမွေဆက်ခံသူများက ရောင်းချခဲ့ခြင်း ဖြစ်သည်။
The Beatles အဖွဲ့အနေဖြင့် ဂျာမနီနိုင်ငံ Hamburg မြို့ရှိ နိုက်ကလပ်များတွင် ပုံမှန်ဖျော်ဖြေ နေခဲ့သော ကာလဖြစ်သည့် ၁၉၆၀ ပြည့်လွန်ကာလ အစောပိုင်းနှစ်များတွင် ထိုစာချုပ်ကို လက်မှတ် ထိုးခဲ့ခြင်း ဖြစ်သည်။
ထိုစာချုပ်တွင် ဂျွန်လင်နွန်၊ ပေါလ်မက်ကာတနီ၊ ဂျော့ဟက်ရစ်ဆန် နှင့် ဒရမ်တီးခတ်သူ ပိဘတ်(စ်) တို့ ရေးထိုးခဲ့သော လက်မှတ်များ ပါဝင်သည်။
Ref: BBC