ရွေးကောက်ပွဲဝင်မည့် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ

ရွေးကောက်ပွဲဝင်မည့် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ

ဒေါ်တင်တင်ဝင်း

အမျိုးသားတိုးတက်ရေးပါတီ
 

ဝင်ရောက်ရွေးချယ်ခံမည့် မဲဆန္ဒနယ်    -  ပြည်သူ့လွှတ်တော် ၊ ပြင်ဦးလွင်

ရည်ရွယ်ချက်

အစ်မတို့ကလည်း တကယ် Political Management ကို လေ့လာထားတဲ့ သူတွေဖြစ်တဲ့အ တွက် တိုင်းပြည်ကို တစ်ထောင့်တစ်နေရာကနေ ပါဝင်တည်ဆောက်ချင်လို့် အစ်မတို့ရဲ့ဆောင်ပုဒ်က အမျိုးသား အကျိုးစီးပွား အတွက်ပေါ့။ နောက် အမျိုးဘာသာ၊ သာသနာအတွက်ပါ။ အစ်မတစ်ဦးတစ် ယောက်ရဲ့ ဆန္ဒအနေနဲ့ကတော့ အစ်မတို့မှာက အောက်ခြေလူတန်းစား များတယ်လေ။

အစ်မကလည်း ပြင်ဦးလွင်မြို့သူ ဖြစ်တယ်။ ဖြစ်တဲ့အတွက် ဒီပြင်ဦးလွင်မြို့နယ်ရဲ့ ဖွံ့ဖြိုးတိုး တက်မှုရယ် နောက်တစ်ခါ ကိုယ်သင်ထားတဲ့ ဘာသာရပ်တွေကို ပြန်ပြီးတော့ Sharing လုပ်ချင်တာ ပေါ့။ အဲ့ဒီဆန္ဒကနေ အစပြုပြီးတော့မှ ဒီပါတီထဲမှာဝင်ပြီးတော့မှ ကိုယ်စားလှယ် ဝင်အရွေးခံဖြစ်တာပါ။

ရွေးချယ်ခံအမတ်ဖြစ်ရင် ဘာလုပ်မလဲ

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီဆိုရင်တော့ အစ်မကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက်ကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်တဲ့သူဖြစ်အောင် ကြိုးစားမှာပါ။ နောက်ပြီးတော့ အစ်မ တို့နယ်မြေဒေသရဲ့ မဖွံ့ဖြိုးသေးတဲ့ နေရာတွေမှာ အထူးသဖြင့် ပညာရေးနဲ့ စီးပွားရေးပိုင်းတွေမှာ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အဓိကထားပြီး ဆောင်ရွက်သွားဖို့ ရည်ရွယ်ချက် ရှိပါတယ်။
-----------------------------------------------------------------------------------------------------------------

ဒေါ်မေဖြူဆွေ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

ဝင်ရောက်ရွေးချယ်ခံမယ့် မဲဆန္ဒနယ် -  တိုင်းဒေသကြီးလွှတ်တော်၊ မဲဆန္ဒနယ်အမှတ် (၁) မန္တလေးတိုင်း တံတားဦးမြို့နယ်

ရည်ရွယ်ချက်

ဘာကြောင့် ဝင်ပြိုင်ဖြစ်ရလဲဆိုတော့ အန်တီက တံတားဦးမြို့နယ်မှာ မွေးဖွားခဲ့တဲ့ တောင်သူရဲ့ သားသမီးတစ်ယောက် ဖြစ်တယ်။ အန်တီတို့နယ်မှာ တောင်သူလယ်သမား အခွင့်အရေးတွေ ဆုံးရှုံး နေတာတွေ ရှိတယ်။ သူတို့မှာ တောင်သူလယ်သမား ပြဿနာတွေ ရှိတယ်။ အဲ့လိုမျိုးဟာတွေကို အမြဲတမ်းလည်း လွှတ်တော်ထဲမှာဝင်ဖို့ မဆုံးဖြတ်ခင်တုန်းကလည်း အပြင်မှာလိုက်ပြီး ကိုယ်တတ်နိုင် တဲ့အားနဲ့ ဖြေရှင်းပေးနေတာပါ။ လွှတ်တော်ထဲကိုရောက်သွားရင် ကိုယ်က ဒီထက်မက ထဲထဲဝင်ဝင် ဖြေရှင်းပေးနိုင်မယ်ထင်လို့ လွှတ်တော်ထဲကို ဝင်ပြိုင်ဖြစ်တာပါ။

ရွေးချယ်ခံ အမတ်ဖြစ်ရင် ဘာလုပ်မလဲ

ရွေးကောက်ခံခဲ့ရမယ်ဆိုရင် အန်တီတို့ အခုလက်ရှိ လုပ်နေတာလည်း တောင်သူလယ်သမား အရေး၊ နောက် ပြည်သူတွေ၊ အလုပ်သမား အရေးတွေပေ့ါနော် အဲ့ဒီခက်ခဲတဲ့ ပြဿနာတွေ အန်တီ တို့နယ်မှာ ကြုံနေရတယ်။ အဲ့ဒါတွေကို ဖြေရှင်းပေးချင်တယ်။ အမြဲတမ်းလည်း ဖြေရှင်းပေးနေတာ ဆိုတော့ အဓိက ရည်ရွယ်ချက်ကတော့ အဲ့ဒါပါပဲ။ အဲ့ဒါကြောင့် ဝင်ပြိုင်တာပါ။ အန်တီတို့ ဆောင်ပုဒ်က လည်း ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ပေ့ါ။ အဲ့ဒီဆောင်ပုဒ်နဲ့ ဝင်ပြိုင်မှာပေါ့နော်။

အခုလက်ရှိလည်း ပါတီက တောင်သူလယ်သမားအရေး၊ အလုပ်သမားအရေး၊ ကျောင်းသား ပေါ့နော်၊ ဒီမိုကရေစီ ပညာရေးတွေအတွက်နဲ့လည်း သူ့ကဏ္ဍနဲ့သူ လုပ်နေကြပါတယ်။ လွှတ်တော်ထဲ ရောက်ရင်လည်း အဲ့ဒီအရေးတွေကို အဓိကထား ပြောသွားမှာပါ။
---------------------------------------------------------------------------------------------------------------

နန်းဆမ်ခမ့်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ)

ဝင်ရောက်ရွေးချယ်ခံမယ့် မဲဆန္ဒနယ်   -   ပြည်သူ့လွှတ်တော် ၊ မဲဆန္ဒနယ်အမှတ်(၁) ဟိုပန်မြို့နယ်

ရည်ရွယ်ချက်

ဘယ်လိုကြောင့် ဝင်ပြိုင်ဖြစ်လဲဆို အန်တီတို့က အနိုင်အရှုံးထက်ကို ပါတီပေါင်းစုံ ယှဉ်ပြိုင် တယ်ဆို ယှဉ်ပြိုင်ဖို့ အဓိကပေါ့။ နောက် ပြည်သူတွေ ဘာလိုအပ်တယ်ဆိုတာနဲ့ ကိုယ့်ပါတီပေါ်လစီ ပေါ့နော်။ အန်တီတို့ရဲ့ ပေါ်လစီက တိုင်းရင်းသားတွေအတွက် အများကြီး ကိုယ်စားပြုတယ်ဆိုတာ အလုပ်လည်း လုပ်ပေးချင်လို့ပါ။

ရွေးချယ်ခံအမတ်ဖြစ်ရင် ဘာလုပ်မလဲ

တကယ်လို့ အန်တီရွေးချယ်ခံရရင် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ပေါ့နော်။ ဥပမာ- အမျိုးသမီးတွေဆိုရင်လည်း အမျိုးသမီးတွေရဲ့ အခွင့်အရေး အပြည့်အဝရရှိအောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ သူတို့ရဲ့ စားဝတ်နေရေးထက် ပညာရေးကို အဓိကထားပြီးတော့မှ မြှင့်တင် ပေးချင်ပါတယ်။
--------------------------------------------------------------------------------------------------------------

ဒေါ်စန်းစန်းအောင်

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ

ဝင်ရောက်ရွေးချယ်ခံမယ့် မဲဆန္ဒနယ်   -   တိုင်းဒေသကြီးလွှတ်တော် ၊ မဲဆန္ဒနယ် အမှတ်(၁) မိတ္ထီလာမြို့နယ်

ရည်ရွယ်ချက်

ဝင်ပြိုင်ဖြစ်တဲ့ အကြောင်းက အစ်မက နဂိုကတည်းက ဒီအမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ မှာ မြို့နယ်အမျိုးသမီး တာဝန်ခံပါ။ ဝင်ပြိုင်ဖြစ်တဲ့ အကြောင်းရင်းက ပြည်သူတွေရဲ့လိုအပ်ချက်တွေ၊ သူတို့လိုချင်တဲ့ ဆန္ဒတွေကို ထိထိရောက်ရောက်နဲ့ ဝင်ရောက်လုပ်ကိုင်ပေးချင်လို့ ဝင်ပြိုင်ခဲ့တာပါ။

ရွေးချယ်ခံအမတ်ဖြစ်ရင် ဘာလုပ်မလဲ

အစ်မက ဘာတွေလုပ်ပေးဖို့ ရည်ရွယ်ထားလဲဆိုတော့ ပြည်သူတွေရဲ့လိုအပ်ချက်တွေလည်း လုပ်ပေးရမယ်။ စီးပွားရေးတို့၊ ပညာရေးတို့ အကုန်လုံးကို အစ်မက မြှင့်တင်ပေးချင်တယ်ပေါ့နော်။ ထိထိရောက်ရောက်နဲ့ လုပ်ကိုင်ပေးချင်တဲ့ အတွက်ရော နောက်မှားနေတဲ့ လမ်းကြောင်းတွေ တော်တော်များများ ရှိတယ်လေ။ အဲ့ဒါတွေကိုလည်း အမှန်ရောက်စေချင်လို့ပါ။ မှားနေတဲ့ လမ်းကြောင်းတွေဆိုတာ တချို့သယံဇာတတွေဆိုရင် လူနည်းစုက လက်ဝါးကြီးအုပ်ထားတာ ရှိတယ် ပေါ့နော်။ အဲ့လိုမျိုးတွေ လူနည်းစုလက်ထဲမှာ လုံးဝ မရှိစေချင်ဘူး။
---------------------------------------------------------------------------------------------------------------------------

ဒေါ်စိုးစိုးမြင့်

တိုင်းလိုင်ရှမ်းနီ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ

ဝင်ရောက်ရွေးချယ်ခံမည့် မဲဆန္ဒနယ်  - ပြည်နယ်လွှတ်တော် ၊ မဲဆန္ဒနယ်အမှတ်(၁) ကချင်ပြည်နယ်

ရည်ရွယ်ချက်

ဒီလို နိုင်ငံရေးထဲမှာ ပါဝင်ဖြစ်တာက ကိုယ့်မြို့နယ်၊ ကိုယ့်ဒေသ၊ ကိုယ့်မြို့ရွာ ဖွံ့ဖြိုးတိုးတက်စေ ဖို့အတွက် တစ်စိတ်တစ်ဒေသကနေ ပါဝင်ဖြစ်ခဲ့တာပါ။

ရွေးချယ်ခံအမတ်ဖြစ်ရင် ဘာလုပ်မလဲ

ရွေးခံရရင်တော့ အခြေခံအကျဆုံးက ကိုယ့်မြို့နယ်၊ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကနေ စရမှာပေါ့နော်။ ကိုယ့်မြို့နယ်မှာ ပရဟိတလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာ ဖွံ့ဖြိုးတိုးတက်ဖို့  အောက်ခြေအဆင့်ကနေ စလုပ်မယ်။ တဖြည်းဖြည်းနဲ့ အဆင့်ဆင့် တက်သွားမှာပေ့ါ။
-----------------------------------------------------------------------------------------------------------------------------ဒေါ်နန်းထွေးငယ်

တအာင်းအမျိုးသားပါတီ

ဝင်ရောက်ရွေးချယ်ခံမည့် မဲဆန္ဒနယ်  - ပြည်နယ်လွှတ်တော် ၊ မဲဆန္ဒနယ်မမှတ်(၂) ကျောက်မဲမြို့

ရည်ရွယ်ချက်

ဝင်ပြိုင်ဖြစ်တာက ကျွန်မက လူငယ်တစ်ယောက်လည်း ဖြစ်တယ်။ အခွင့်အရေးလည်း ရတယ်။ အသက်ကလည်း ၂၅-၂၆ ထဲမှာဆိုတော့ ဝင်ပြိုင်လို့ ရတယ်ပေါ့။ ကိုယ့်လူမျိုးကိုလည်း လူအများ သိသွားအောင်ပေ့ါ။ ပြီးရင် ကိုယ့်နိုင်ငံကို ပြည်သူတစ်ယောက်အနေနဲ့ နိုင်ငံရေးကို စိတ်ဝင်စားရမယ်ဆိုတဲ့ စိတ်နဲ့ ဝင်ပြိုင်ဖြစ်တာပါ။

ရွေးချယ်ခံအမတ်ဖြစ်ရင် ဘာလုပ်မလဲ

အစ်မသာ အရွေးချယ်ခံခဲ့ရရင် ပြည်သူလူထုတွေ တင်ပြတာကို တတ်နိုင်သမျှ ကြိုးစားပြီးတော့ အထက်ကို တင်ပြမယ်လို့ ဆုံးဖြတ်ထားပါတယ်။ အစ်မက ဘယ်လို ခံယူထားလဲဆိုတော့ ကိုယ့်ဘက် က ခဏခဏပြောနေမှ ရတဲ့ အခွင့်အရေးလို့ ထင်တယ်။ ဒီအတိုင်းပဲ တစ်ခွန်း၊ နှစ်ခွန်း၊ တစ်ခါ၊ နှစ်ခါ ပြောရုံလောက်နဲ့ မရလောက်ဘူးလို့ ထင်တယ်။ လူငယ်တွေကို ပညာရေးနဲ့ ပတ်သက်ပြီးတော့ ဟောပြော ပေးစေချင်တယ်။ ကျွန်မတို့ဘက်မှာ ပညာတတ်တွေက ရှားတယ်။ စာသင်ကျောင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ကူညီပေးချင်ပါတယ်။
-------------------------------------------------------------------------------------------------------------

ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)

ဝင်ရောက်ရွေးချယ်ခံမည့် မဲဆန္ဒနယ်  - ပြည်သူ့လွှတ်တော် ၊ ကွမ်လုံမြို့နယ်

ရည်ရွယ်ချက်

ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာက အခု အမျိုးသမီးတွေကလည်း အခွင့်အလမ်းတွေ ရှိလာပြီဆို တော့ နိုင်ငံတော်အတွက် တစ်နိုင်တစ်ပိုင်လေး ဆောင်ရွက်ပေးချင်လို့ပါ။

ရွေးချယ်ခံ အမတ်ဖြစ်ရင် ဘာတွေလုပ်မလဲ

လွှတ်တော်ထဲကို ရောက်သွားပြီဆိုရင် ပြည်သူတွေအတွက် ပညာရေး၊ ကျန်းမာရေးကအစ လိုအပ်တာတွေရှိ တာတွေကို ကူညီပေးမယ်လို့ ရည်ရွယ်ထားပါတယ်။ အမျိုးသမီးတွေသာ လွှတ်တော်ထဲကို ရာခိုင်နှုန်းများများ ရောက်ခဲ့ရင် အမျိုးသမီးထု တစ်ရပ်လုံးအတွက် အထောက်အကူ ဖြစ်မှာပါ။
--------------------------------------------------------------------------------------------------------------ဒေါ်မြင့်မြင့်စိုး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်

ဝင်ရောက်ရွေးချယ်ခံမည့် မဲဆန္ဒနယ်  - ပြည်သူ့လွှတ်တော် ၊ ဗိုလ်တထောင်မြို့နယ်

ရည်ရွယ်ချက်

ကျွန်မ ယှဉ်ပြိုင်ဖြစ်တာက ကျွန်မ ငယ်ငယ်ကတည်းက ဖေဖေက နိုင်ငံရေးကို တော်တော် ဝါသနာပါတယ်။ အိမ်မှာလည်း နိုင်ငံရေးစကားဝိုင်းတွေ အမြဲတမ်း ပြောနေကြတဲ့အခါကျတော့ အဲ့တုန်းထဲက နိုင်ငံရေးကို စိတ်ဝင်စားပြီး ၈၈ ကနေတော့မှ ကျွန်မ First Year တုန်းကပေ့ါနော်၊ လူထု အုံကြွမှု အရေးအခင်းဖြစ်တဲ့အခါမှာ ကျွန်မတို့ စပါခဲ့တယ်။ NLD ၉၀ ရွေးကောက်ပွဲမှာတုန်းကလည်း လူငယ်အနေနဲ့ ဝင်ရောက်ပါဝင်ခဲ့ရာက စပြီးတော့ တိုင်းပြည်ရဲ့ အပြောင်းအလဲ တစ်ခုအတွက် အဲ့ထဲကစပြီး ရည်ရွယ်ခဲ့တာပေါ့နော်။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ သင်တန်းတွေ၊ အကြောင်းအရာတွေကို သင်ရင်းနဲ့ နိုင်ငံရေးလောကကို စိတ်ဝင်စားတယ်။ နောက် ပြည်သူအတွက် တစ်ထောင့်တစ်နေရာက နေ ပါဝင်နိုင်တဲ့ ဆန္ဒနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ခံ အမတ်ဖြစ်ရင် ဘာလုပ်မလဲ

ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်ဖြစ်ခဲ့ရင် အဓိကက ကျွန်မက အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အလေးထားတယ်။ နောက်တစ်ခုက စာမသင်ရတဲ့ ကလေးတွေ၊ အမျိုးသမီးလေးတွေ အတွက်လည်း ကျွန်မ ပိုစိတ်ဝင်စားတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး တော့လည်း ပိုပြီး လုပ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ အမျိုးသမီးတွေက ကိုယ့်အခွင့်အရေးကို သိပ်မသိကြဘူး။ နယ်မှာနေတဲ့ အမျိုးသမီးလေးတွေဆိုရင် တချို့ဆို ဘွဲ့ရလည်း ဘာမှမထူးဘူး။ မိဘလက်ငုတ်လက်ရင်းပဲ ပြန်လုပ်ရတာပဲဆိုပြီး တွေးတာတွေ ရှိတယ်။ အဲ့အတွေးအခေါ်တွေကို ပြောင်းလဲပေးချင်တယ်။ နောက် မြန်မာပြည်ပညာရေးကဏ္ဍက နိမ့်ကျနေတဲ့အတွက် မြန်မာအမျိုးသမီး တွေ ကြုံရာလုပ်နေကြရတယ်။ လက်လုပ်လက်စား ဖြစ်နေရတယ်။ ဒါမျိုးတွေ မဖြစ်စေချင်ဘူး။ ပညာ တတ်တွေ ဖြစ်စေချင်တယ်။ တိုင်းပြည်အတွက်လည်း ပညာတတ် အမျိုးကောင်းသမီး အမျိုးကောင်း သားတွေ လိုအပ်နေပါတယ်။ အမျိုးသား၊ အမျိုးသမီးတွေလည်း တန်းတူအခွင့်အရေး ရစေချင်တယ်။ တိုင်းရင်းသား အမျိုးသမီးတွေရဲ့ အခွင့်အရေးလည်း ရစေချင်တယ်။
-----------------------------------------------------------------------------------------------------------------

ဒေါ်ဌေးဌေးဝင်း

တိုင်းလိုင်ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ

ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်  -  ပြည်သူ့လွှတ်တော် ၊ မဲဆန္ဒနယ်အမှတ်(၁) မိုးမောက်မြို့နယ်

ရည်ရွယ်ချက်

ကျွန်မရဲ့ ရည်ရွယ်ချက်က ကျွန်မတို့ ရှမ်းနီအမျိုးသား တိုးတက်ရေးပါတီကနေ လူငယ်တွေ ဖွံ့ဖြိုးလာဖို့၊ လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို့၊ လူမျိုးရေး ပေါ်ပေါက်လာဖို့ အဲ့ဒီဆန္ဒတွေနဲ့ ဝင်ရောက် ယှဉ်ပြိုင်တာပါ။

ရွေးချယ်ခံအမတ်ဖြစ်ရင် ဘာလုပ်မလဲ

ကျွန်မကတော့ ကျွန်မလူမျိုး တိုးတက်ဖို့နဲ့ အကုန်လုံးတိုးတက်ဖို့ ရှမ်းနီလူမျိုးတွေမှာ မဖွံ့ဖြိုး မတိုးတက်သေးတဲ့ ပညာမတတ်တဲ့ ဒေသတွေမှာ သူတို့ရဲ့တိုးတက်ရေး၊ ပညာရေး အစစအရာရာ ကူညီသွားဖို့ ကျွန်မ ရည်ရွယ်ထားပါတယ်။
-----------------------------------------------------------------------------------------------------------

ဒေါ်တိုးတိုးကျော်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

ဝင်ရောက်ရွေးချယ်ခံမည့် မဲဆန္ဒနယ်  -  တိုင်းဒေသကြီးလွှတ်တော် ၊ မဲဆန္ဒနယ်အမှတ်(၂) မိတ္ထီလာမြို့နယ်

ရည်ရွယ်ချက်

အစ်မအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့က ပြည်သူတွေအတွက် ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီ ချင်တယ်။ အဲလို စိတ်ဓာတ်နဲ့ အစ်မက ဝင်ရောက် ယှဉ်ပြိုင်တာပါ။

ရွေးချယ်ခံအမတ်ဖြစ်ရင် ဘာလုပ်မလဲ

လွှတ်တော်ထဲရောက်ခဲ့ရင် အစ်မ စဉ်းစားမှာက ပြည်သူတွေရဲ့လိုအပ်ချက်တွေကို လုပ်ပေးချင် တယ်။ ပြည်သူတွေအတွက် ဦးစားပေးတာပဲ သဘောကျတယ်။ သူတို့ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးချင်တယ်။ ဒီရည်ရွယ်ချက်နဲ့ပဲ ယှဉ်ပြိုင်တာပါ။ ပြည်သူတွေနဲ့ တစ်တန်းတည်း ဖြစ်ချင်တယ်။ ပြည်သူတွေနဲ့ ခွဲခြားခွဲခြား ဖြစ်နေတာကို မလိုချင်ဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly