အိန္ဒိယနိုင်ငံ မဒရာပရာဒေ့ရှ်ပြည်နယ် ပတ်လာဝတ်အရပ်တွင် စားသောက်ဆိုင်တစ်ဆိုင်တွင် ဓာတ်ငွေ့ဆလင်ဒါအိုး ပေါက်ကွဲမှုဖြစ်၍ လူပေါင်း အနည်းဆုံး ၈၂ ဦးသေဆုံးကြောင်း တာဝန်ရှိသူများကပြော သည်။
ပေါက်ကွဲမှုဖြစ်ချိန်တွင် အလုပ်သမားများနှင့် ကျောင်းသားကျောင်းသူများ လာရောက်ကာ နံနက်စာ စားသောက်နေချိန်တွင် ပေါက်ကွဲခြင်းဖြစ်သည်။
ပေါက်ကွဲရသည့် အကြောင်းအရင်းကို မသိရသေးပေ။ ဟင်းချက်ဓာတ်ငွေ့အိုးစတင်ပေါက်ကွဲမှုဖြစ်ကြောင်း ရဲက ပြောပြီး ပေါက်ကွဲပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကယ်ဆယ်ရေးများကို ဆက်လက်ဆောင်ရွက်ဆဲဖြစ်ကာ အနီးရှိအဆောက်အအုံများတွင် နေထိုင်သူများအား ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားသည်။
ယခုပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူပေါင်းမှာ အနည်းဆုံး ၃၅ ဦးရှိသည်ဟု တာဝန်ရှိသူများက ပြောသည်။
Ref: BBC