၂၀၁၆ အိုလံပစ်ခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်များ အကြိုပြင်ဆင်မှုအဖြစ် တရုတ်နိုင်ငံ၊ နန်ကျင်းမြို့တွင် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့သော မြန်မာအမျိုးသမီးအသင်းသည် ခြေစမ်းပွဲ သုံးပွဲကစားခဲ့ရာ၌ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ရလဒ် ရရှိခဲ့သည်။
မြန်မာအမျိုးသမီးအသင်းမှာ တရုတ်နိုင်ငံသို့ သြဂုတ်လ ၃၁ ရက်ကတည်းက ထွက်ခွာခဲ့ပြီး စက်တင်ဘာ ၂ ရက်တွင် တရုတ်စူပါလိဂ်ကလပ် ဂျီအမ်ဆုအသင်းနှင့် ကစားခဲ့ရာ ၃-၀ ဂိုးဖြင့် ရှုံးခဲ့ပြီး စက်တင်ဘာ ၅ ရက်တွင် ဂျီအမ်ဆုယူ-၁၈ အသင်းနှင့် ခြေစမ်းရာ ၆-၁ ဂိုး၊ စက်တင်ဘာ ၇ ရက်တွင် ဂျီအမ်ဆုအသင်းနှင့်ပင် ထပ်မံခြေစမ်းရာ ၁-၀ ဂိုးဖြင့် ပြန်လည် အနိုင်ရခဲ့သည်။
မြန်မာအမျိုးသမီးအသင်းမှာ အိုလံပစ် အမျိုးသမီး ဘောလုံးခြေစစ်ပွဲ ဒုတိယအဆင့်အဖြစ် ထိုင်း၊ ဗီယက်နမ်၊ ဂျော်ဒန်၊ တရုတ်တိုင်ပေအသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး ပွဲစဉ်များကို မန္တလေးမြို့၊ မန္တလာသီရိကွင်းတွင် စက်တင်ဘာ ၁၄ ရက်မှ ၂၂ ရက်အထိ ကျင်းပမည် ဖြစ်သည်။