ရန်ကုန် (မဇ္ဈိမ) ။ ။ ဘင်္ဂလားပင်လယ်အော်အတွင်း ကယ်ဆယ်ရမိသည့် ဘင်္ဂါလားဒေ့ရှ် နိုင်ငံသား ၁၂၅ ယောက်အား မြန်မာနိုင်ငံက သြဂုတ် ၂၅ တွင် ဘင်္ဂါလားဒေ့ရှ်နိုင်ငံသို့ ပြန်လွှဲပို့လိုက်ပြီဖြစ်သည်။
မြန်မာရေတပ်က မေလ ၂၁ နှင့် ၂၉ ရက်နေ့တို့တွင် လှေစီးရွှေ့ပြောင်း စုစုပေါင်း ၉၃၅ ဦး ကယ်တင်ရရှိခဲ့ခြင်းဖြစ်သည်။ ဇွန်လမှစ၍ နိုင်ငံတကာရွှေ့ပြောင်းသွားလာသူများအဖွဲ့ IOM ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၅၀၁ ဦးကို ၄ သုတ်ခွဲ၍ ပြန်ပို့ခဲ့သည်။
Ref; Xinhua