နိုင်ငံခြားကိုးဦးအပါအဝင် လူ ၂၂ ဦးသေဆုံးစေခဲ့သော ဘန်ကောက်ရှိ ဟိန္ဒိူဘုရားကျောင်း ဗုံးကွဲမှု ဖြစ်ပေါ်ပြီးနောက်တစ်ရက် သြဂုတ် ၁၈ တွင် ဘန်ကောက်မြို့လယ်ရှိ တံတားတစ်ခုအနီး လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်မှု ဖြစ်ပေါ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိဟု ဆိုသည်။
အမည်မသိအမျိုးသားတစ်ဦးသည် ဘန်ကောက်၏ ချောင်ဖရာယာမြစ်ပေါ်ရှိ စည်ကားသော ဆိပ်ခံတံတားအနီး ဗုံးကို ပစ်ပေါက်ခဲ့ပြီး ဗုံးသည် မြောင်းတစ်ခုအတွင်းသို့ကျသွားခဲ့သည်ဟု ကလောင်ဆန်ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်မှူးကြီး နာတာကစ်ဆီရီဝေါင်တာဝန်က ပြောသည်။
"ဗုံးက ရေထဲသာမကျရင် ဒဏ်ရာရမှုတွေ သေချာပေါက်ရှိလာမှာပါ "ဟု ၎င်းကပြောသည်။
Ref: ရိုက်တာ