သြဂုတ် ၁၇ ရက် ။ ။ အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့၌ တစ်ပတ်ကြာကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာသိပ္ပံရေးရာကွန်းဖရန့် WSCI သို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ လူငယ် ၄ ဦးထွက်ခွာသွားပြီဖြစ်သည်။
နိုင်ငံပေါင်း ၇၀ မှ လူငယ်သိပ္ပံဘာသာလေ့လာနေသူ ၄၀၀ ဦးကျော် တက်ရောက်ပြီး သြဂုတ် ၁၅-၂၀ အထိကျင်းပမည့် ယင်းကွန်းဖရင့်သို့ နည်းပညာတက္ကသိုလ် (မုံရွာ)၊ နည်းပညာကောလိပ် (ရွှေဘို)၊ ချင်းတွင်းကောလိပ်တို့မှ ကျောင်းသားတစ်ဦးစီနှင့်အတူ မန္တလေးနည်းပညာကုမ္ပဏီလိမိတက်မှ ကိုယ်စားလှယ်တစ်ဦးတို့သည် သြဂုတ် ၁၄ ရက်နေ့က ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားသည်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ဂျေရုဆလင် ဟီးဘရူးတက္ကသိုလ်၊ နိုဘယ်ဆိုရှင် ပါမောက္ခ ရောဂျာခွန်းဘာ့၊ သိပ္ပံနှင့်ပညာဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ ယင်းကွန်းဖရန့်ကို ကျင်းပခြင်းဖြစ်သည်။ ကွန်းဖရန့်ကာလအတွင်း Wolf Prize နှင့် Fields Medak ဆုရှင်များ၏ သိပ္ပံဆိုင်ရာဟောပြောပွဲများကိုလည်း တက်ရောက်ခွင့်ရမည်ဖြစ်သည်။