သြဂုတ် ၁၆၊ လန်ဒန်။ ။ စပါးအသင်းသည် ပြင်သစ်ကလပ် လိုင်ယွန်အသင်းမှ ကင်မရွန်းလက်ရွေးစင်တိုက်စစ်မှူး အန်ဂျီကိုခေါ်ယူလိုက်ပြီဖြစ်သည်။
စပါးအသင်းနှင့် ၂၀၂၀ ခုနှစ်အထိ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့သော အသက် ၂၂ နှစ်အရွယ် အန်ဂျီက "စပါးအသင်းရည်ရွယ်ထားတဲ့အောင်မြင်မှုတွေ ရအောင် အကောင်းဆုံးကူညီပေးနိုင်ဖို့ အဆင်သင့်ပါပဲ"ဟု ပြောကြားခဲ့သည်။
အန်ဂျီသည် ပြီးခဲ့သည့်ရာသီက ပြင်သစ်လိဂ်-၁ကလပ် လိုင်ယွန်အသင်းအတွက် ခုနစ်ဂိုးသွင်းပေးခဲ့ပြီး ကင်မရွန်းလက်ရွေးစင်အသင်းအတွက် လည်း ၁၀ ပွဲကစား ခြောက်ဂိုးသွင်းယူနိုင်ခဲ့သည်။
အန်ဂျီသည် စပိန်ကလပ် ဗီလာရီးယဲလ်အသင်းသို့ တိုက်စစ်မှူး ဆိုလ်ဒါဒိုပြောင်းရွှေ့သွားပြီးနောက် စပါးအသင်းက အစားထိုးခေါ်ယူသည့် တိုက်စစ်မှူးလည်း ဖြစ်သည်။
ရည်ညွှန်း ဘီဘီစီ