နောက်ဆုံးပေါ် ဒစ်ဂျစ်တယ် နည်းပညာ ကို အသုံးပြု သင်ယူရာမှာ ကျောင်းသားတွေ ကို ကူညီနိုင်အောင် မာလာဝီ အစိုးရ ဟာ ကုလသမဂ္ဂ ကလေးများ ပညာရေး ရံပုံငွေ ယူနီဆက် အဖွဲ့ ၊တယ်လီဖုန်း ဝန်ဆောင်မှု ကုမ္ပဏီတစ်ခု နဲ့ လုပ်ငန်းဖက် ဖွဲ့လိုက်ကြပါတယ်။ ကျောင်းတွေကို ချိတ်ဆက် စီမံချက် အရ၊ အဆင့်မြင့် စမတ်တီဗွီ၊ တက်ဘလက် ခေါ် ဒစ်ဂျစ်တယ် ကျောက်သင်ပုန်း၊ အင်တာနက် နဲ့ ကျောင်းသားတွေ ရဲ့ ပညာရေး ကို မြှင့်တင်ဖို့ ကြိုးစားတာပါ။ ဒါပေမဲ့ ပစ္စည်းပစ္စယ မစုံလင်တဲ့ ပြဿနာနဲ့ တချို့ကျောင်းတွေ က ရင်ဆိုင်နေရပါတယ်။ မာလာဝီနိုင်ငံ ဗဟိုအလယ်ပိုင်း ဒေသကနေ Lameck Masina ပေးပို့တဲ့ သတင်းဆောင်းပါး ကို ဦးတင်မောင်သန်း က တင်ဆက်ထားပါတယ်။