၁၀၂၇ စစ်ဆင်ရေးမှာ ပြည်ပနိုင်ငံတွေက ဒရုန်းပညာရှင်တွေသာ ပါမယ်ဆိုရင် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်အနေနဲ့ နေပြည်တော်မှာ အေးအေး ဆေးဆေးနေလို့ ရမှာမဟုတ်ဘူးလို့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက မဇ္ဈိမကို ပြောလိုက်ပါတယ်။
မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီအစိုးရအဖွဲ့အစည်းအဝေးမှာ ၁၀၂၇ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်ပက Drone ပညာရှင် ၆,၅၀၀ပါဝင်ကြောင်း စွပ်စွဲပြောဆိုခဲ့တဲ့အပေါ်မှာ အဲဒီလို တုံ့ပြန်ပြောကြားလိုက်တာပါ။
တည်းဖြတ်/တင်ဆက်= မိုးသောက်