ကရင်နီပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်ကနေ ခေါ်ဆောင်ခဲ့တဲ့ Non CDM ပါမောက္ခချုပ်၊ ဝန်ထမ်းတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေ နဲ့ နည်းပညာတက္ကသိုလ်က Non CDM ဝန်ထမ်း စုစုပေါင်း ၂၀၄ ဦးကို သက်ဆိုင်ရာ မိသားစုများထံ မကြာမီရက်ပိုင်းအတွင်း လွှဲပြောင်းသွားမယ်လို့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)က ပြောပါတယ်။
လွိုင်ကော်တက္ကသိုလ်က Non CDM ဝန်ထမ်း ၁၃၄ ဦးနဲ့ သူတို့ရဲ့မိသားစုဝင် ၆၄ ဦးကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေကနိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဘေးလွတ်ရာကိုခေါ်ထုတ်ခဲ့ကြတာပါ။
သူတို့ကို စုံစမ်းမေးမြန်းမှုတွေ ဆောင်ရွက်ပြီးရင် သက်ဆိုင်ရာ မိသားစုနဲ့တွေ့ဆုံနိုင်အောင်ဆောင်ရွက်သွားမယ်လို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ အထွေထွေအတွင်းရေးမှူးက မဇ္ဈိမကိုပြောပါတယ်။
တင်ဆက်၊တည်းဖြတ် - KMN
#Mizzima
#လွိုင်ကော်မြို့
#စစ်ဘေးရှောင်
#IEC