အမျိုးသားညီညွတ်ရေးအစိုးရသိမ်းပိုက်ထားသည့် နယ်မြေများရှိ ပုဂ္ဂလိကဘဏ်များတွင် ငွေအပ် နှံထားသူများ ဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်နေသည်ဟု NUG က ထုတ်ပြန်သည်။
NUG လက်အောက်ရှိ ကြားကာလဗဟိုဘဏ်က ဆောင်ရွက်နေပြီး နစ်နာဆုံးရှုံးမှုမရှိအောင် စီစဉ်ဆောင် ရွက်နေသည်ဟု ဆိုသည်။
“ကြားကာလဗဟိုဘဏ်တည်ထောင်ခြင်းဆိုင်ရာ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်၊ အပိုဒ်(၃)တွင် ဖော်ပြထားသည့်အတိုင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်အနေဖြင့် ပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို အချိန်မီကုစားနိုင်ရန်အတွက် ပြည်သူ့အုပ်ချုပ်ရေး စတင်ဆောင်ရွက်နေသည့် ဒေသ များတွင် ဘဏ္ဍာရေးဆိုင်ရာလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ကြားကာလပြည်သူ့အုပ်ချုပ် ရေးလုပ်ငန်းစီမံချက် ( SOPs – Standard Operating Procedures ) ထုတ်ပြန်၍ စနစ်တကျရှိစေရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်" ဟု NUG ၏ ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။
အဆိုပါလုပ်ငန်းစီမံချက်တွင် သိမ်းပိုက်ရရှိသည့်နယ်မြေအတွင်းရှိ ပုဂ္ဂလိကဘဏ်များ၏ ပရိဝုဏ်၊ အဆောက်အအုံ၊ ဘဏ်ဝန်ထမ်း (ရှိပါက)၊ ဘဏ်အတွင်းရှိ ငွေသား၊ ဘဏ်ငွေတိုက် (Vault) ရှိငွေသား၊ စာရင်းမှတ်တမ်းများ၊ စာချုပ်စာတမ်းများ၊ ပေါင်နှံစာရွက် စာတမ်းများ (Collateral)၊ ဘဏ်အတွင်းရှိ စက် ပစ္စည်းကိရိယာများ၊ ရုံးသုံး Software ၊ Hardware များနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အသေးစိတ်ကို ဖော်ပြသတ်မှတ်ထားပြီး ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၏ လိုက်နာအကောင် အထည်ဖော်ဆောင်မှုကို အထူးကြပ်မတ်စီမံလျက်ရှိ သည်ဟု NUG က ဆိုသည်။
အခြေအနေတည်ငြိမ်ပါက ထိန်းသိမ်းပြုစုထားသည့် စာရင်း၊ ဇယား၊ မှတ်တမ်းများနှင့်အညီ ပြည်သူ့ အပ်နှံငွေများ ပြည်သူ့ထံပြန်လည်ရရှိစေရန် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကြားကာလ ပြည်သူ့ အုပ်ချုပ်ရေး အကောင်အထည်ဖော်လျက်ရှိသည့်ဒေသများရှိ ပုဂ္ဂလိကဘဏ်များတွင် အပ်နှံထားသည့် ပြည်သူများ၏ အပ်နှံငွေများနှင့် စပ်လျဉ်း၍ ပြည်သူများဆုံးရှုံးနစ်နာမှုမရှိစေရန် အချိန်နှင့်တပြေးညီ စီမံဆောင်ရွက်နေကြောင်း NUG က ထုတ်ပြန်သည်။
စာတည်း။ ။စောဖေ