ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ပြည်သူလူထုနဲ့အတူ စစ် အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ တိုင်းရင်းသားအင်အားစုတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ တစိုက်မတ် မတ်လက်တွဲဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဒီကနေ့မှာ ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ သုံးနှစ်ပြည့်တဲ့ ဒီကနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က အခုလို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
ဒီသတင်း အကြောင်းအရာ အပြည့်အစုံကိုတော့ မဇ္ဈိမရဲ့ ဝိုင်းတော်သားဖြစ်တဲ့ ခက်နွေက တင်ဆက် ပေးထားပါတယ်။
တင်ဆက်/တည်းဖြတ် - မောင်ခက်နွေ