မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကတည်းက ဒုစရိုက်မှုခင်းတွေ ပိုမိုတိုးပွားလာပြီး အဲဒီလို ဒုစရိုက်အမှုတွေထဲမှာ အကြမ်းဖက် စစ်ကောင်စီဘက်ကပါ ပါဝင်ပတ်သက်နေတာ ဖြစ်ပါတယ်။
ခိုး၊ ဆိုး၊ လု၊ နှိုက်၊ ဓားပြတိုက်တဲ့ ဒုစရိုက်မှုခင်းတွေ၊ ကြက်ဝိုင်း၊ ဖဲဝိုင်း လောင်းကစားဝိုင်းတွေ၊ နှလုံး၊ သုံးလုံး၊ ဘောလုံးစတဲ့ လောင်းကစားတွေဟာ ပြည်သူတွေအကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာလည်း တွေ့ရပါတယ်။