ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော်(DPLF)က စည်းရုံးရေးဆင်းကာ စစ်ရေးအတွက်လှုပ်ရှားလာကြောင်း ဒေသတွင်းသတင်းရင်းမြစ်က မဇ္စျိမကို ပြော သည်။
“မနေ့က ရပ်စောက်မြို့နယ်ထဲက ကောင်းဘို့ရွာကို၀င်လာတယ်။ ညအထိနေပြီး ရွာကလူတွေကို တော် လှန်ရေးနဲ့ပတ်သက်တဲ့ စည်းရုံးဟောပြောတာတွေ လုပ်သွားပါတယ်” ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်ရှိ ကောင်းဘို့ကျေးရွာသည် ရပ်စောက်-ပင်းတယ လမ်းပေါ် တွင်တည်ရှိသည့် ရွာကြီးတရွာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၀င်ဦးရေ ၅၀ ထက်မနည်းတပ်စွဲထားကြောင်း သတင်းရင်းမြစ်က ဆိုသည်။
သို့သော် ယမန်နေ့က DPLF တပ်ဖွဲ့ ကျေးရွာအတွင်းဝင်ရောက်လာစဥ် စစ်ကောင်စီတပ်ဖွဲ့ဘက်က လှုပ်ရှားမှုမရှိခဲ့ကြောင်း သိရသည်။
“အဲ့ဒီ့ရွာမှာက စစ်ကောင်စီတပ်စွဲထားတာ ပုံမှန်ရှိတယ်။ မနေ့က DPLF တပ်ဖွဲ့ကရဲဘော်တွေ ရွာထဲဝင် လာတာကို သိပေမယ့် မလာကြဘူး။ ပုန်းနေတဲ့သဘောပေါ့” ဟု သတင်းရင်းမြစ်က ပြောသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စစ်ကောင်စီကို ခုခံတိုက်ခိုက်ရန် ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး - Danu People’s Liberation Front (DPLF) ကို ဖွဲ့စည်းကြောင်း ဇူလိုင်လ ၂၉ ရက်နေ့က ကြေ ညာခဲ့သည်။
ယင်းသို့ ကြေညာပြီးသည့်နောက်ပိုင်းမှစကာ DPLF က ဓနုဒေသအတွင်းရှိ ကျေးရွာများကို စည်းရုံးရေး ဆင်းကာ စစ်ရေးလှုပ်ရှားမှုပြုလုပ်ရန် ပြင်ဆင်လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကသုံးသပ်ကြသည်။
“DPLF က စည်းရုံးရေးလုပ်နေတာကြာပြီ။ ပင်းတယ၊ ရွာငံ၊ ရပ်စောက်နဲ့ နောင်ချိုမြို့နယ်တွေက ကျေးရွာ အချို့မှာလည်း စည်းရုံးရေးလုပ်ခဲ့ပြီးပြီလို့ ကြားသိရတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျေးရွာများတွင် စည်းရုံးရေးဆင်းနေသည့်ကိစ္စနှင့်ပတ်သက် ပြီး အသေးစိတ်သိရှိနိုင်ရန် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်(DPLF)ထံ မဇ္စျိမက ဆက်သွယ်မေးမြန်းထား ဆဲဖြစ်သည်။
စစ်ကောင်စီတပ်ဘက်ကလည်း ဓနုဒေသအတွင်း DPLF စည်းရုံးရေးဆင်းခဲ့သည်ဟုယူဆသည့် ကျေးရွာ များကို စစ်ကြောင်းများဖြင့်၀င်ရောက်ကာ တန်ပြန်စည်းရုံးရေးဆင်းခြင်း၊ နယ်မြေရှင်းလင်းခြင်းများ လုပ် ဆောင်နေကြောင်း သိရသည်။
“စစ်ကောင်စီတပ်က ကျေးရွာတွေရဲ့ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲပြီး ပြည်သူတွေကို အကာအကွယ် ယူပြီး သွားလာနေတာမျိုးတွေရှိနေတယ်။ DPLF စည်းရုံးရေးဆင်းခဲ့တယ်ထင်တဲ့ ရွာတွေမှာဆို ဘာသံမှ မကြားချင်ဘူး၊ တခုခုဖြစ်လာရင် တရွာလုံးကိုမီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတာတွေရှိတယ်” ဟု ရပ်စောက်ဒေသခံတဦးက ပြောသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပင်းတယ၊ ရွာငံနှင့် ရပ်စောက်မြို့နယ်များ ပါ၀င်သည်။ အဆိုပါ မြို့ နယ်များရှိ အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာဥက္ကဋ္ဌများကို စစ်ကောင်စီတပ်က အခွန်ကောက်ကာ လောင်း ကစားလုပ်ငန်းနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများလုပ်ကိုင်စေပြီး ပြည်သူများ တော်လှန်ရေးတွင် စိတ်ဝင် စားမှုမရှိစေရန် လုပ်ဆောင်မှုများ ရှိနေကြောင်း သိရသည်။
“အုပ်ကြီးတွေကို လုပ်ပိုင်ခွင့်ထက်ပိုပြီးစည်းရုံးတာကြောင့် ဒေသတွင်းလူငယ်အများစုက ဆေးသမားဖြစ်၊ လူငယ်လူလတ်ပိုင်းတွေက လောင်းကစားသမားတွေ ဖြစ်လာကြတယ်။ ဒေသကာကွယ်ရေးတပ်တွေ အမြန်ဆုံးဝင်ရောက်လာပါစေလို့ပဲ မျှော်နေကြပါတယ်” ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စာတည်း။ ။စောဖေ