သြဂုတ် ၁ ။ ။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့ကို သဘာဝဘေး အန္တရာယ်ကျရောက်သောဒေသများအဖြစ် သမ္မတဦးသိန်းစိန်က ကြေညာလိုက်သည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ ကြေညာခြင်းဖြစ် သည်။ ယင်းဒေသများသည် ထိခိုက်ပမာဏကြီးမားပြီး မူလအခြေအနေသို့ပြန်လည်ရောက်ရှိရေးဆောင်ရွက်ရာတွင် အခက်အခဲများရှိမည်ဟုဆိုသည်။