Bitcoin ဟာ Ai ကဲ့သို့ ပင်ဆယ်စုနှစ်ကြာပြီးနောက်မကြာသေးမီနှစ်များအတွင်း ပြန်လည်ရေပန်းစားလာခဲ့တဲ့ ဒစ်ဂျစ်တယ်ငွေကြေးတစ်ခုဖြစ်ပါတယ်။ Bitcoin က ဗဟိုချုပ်ကိုင်မှု ကင်းမဲ့ပြီး အစိုးရနဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းရဲ့ထိန်းချုပ်မှုအောက်မှာမရှိတဲ့တစ်ခုတည်းသော
ငွေကြေးဖြစ်ပါတယ်။ မြန်မာနိုင်ငံကဲ့သို့ မတည်မငြိမ်သော ငွေကြေးများနှင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားမှုများကို မကြာခဏ ရင်ဆိုင်ရလေ့ရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူများအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်လာပါတယ်။
Bitcoin ဟာ ငွေကြေးဖောင်းပွမှုကို တားဆီးပေးနိုင်ပါတယ်။ Bitcoin ဟာ အကန့်အသတ်နဲ့ရှိတာကြောင့် Fiat ငွေကြေးများကဲ့သို့ ငွေကြေးဖောင်းပွမှုများမရှိပါဘူး။ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားတတဲ့ နိုင်ငံများရှိ လူများအတွက် ကောင်းမွန်သော စုဆောင်းနိုင်အလွယ်တကူသိမ်းဆည်းနိုင်တဲ့အရာ
ဖြစ်ပါတယ်။ ဥပမာအားဖြင့် မကြာသေးမီနှစ်များအတွင်း ငွေကြေးဖောင်းပွမှုနှုန်း 100% ကျော်လာခဲ့သည့် ဇင်ဘာဘွေတွင် Bitcoin ကို ဇင်ဘာဘွေငွေဖောင်းပွမှုကိုတားဆီးဖို့
အကာအကွယ်အဖြစ် အသုံးပြုခဲ့ပါတယ်။ အဲ့တာအပြင် Bitcoin ဟာ နိုင်ငံတကာငွေလွှဲမှုများကို စျေးသက်သာပြီး မြန်ဆန်စေပါတယ်။ နိုင်ငံတကာရှိ ငွေကြေးကိုအလွယ်တကူပြောင်းလဲနိုင်တာ
ကြောင့် ငွေလွှဲခြင်းများကို နိုင်ငံတကာရှိ ပြည်ပရောက်မိသားစုများက သူတို့ မိခင်နိုင်ငံရှိ မိသားစုများသို့အိမ်ပြန်ပို့တဲ့အခါငွေများကို ပြင်ပ ပေါက်စျေးအတိုင်း အလွယ်တကူပို့နိုင်ပါသေးတယ်။
စျေးကြီးပြီး မိရိုးဖလာဘဏ်များမှတဆင့် လုပ်ဆောတာက နှေးကွေးနိုင်ပါတယ်။ ဥပမာအားဖြင့် တစ်
ဒေါ်လာကို ပြင်ပစျေး ၃၀၀၀ ကျော်နေချိန်တွင် ဘဏ်ဖြတ်စျေး ၂၀၀၀ ကျော်ဖြင့် အိမ်ပြန်ပို့တဲ့ ပြည်ပ
ရောက်မိသားစုများမှာ များစွာ နစ်နာမှု ရှိပါတယ်။ Bitcoin ဟာပြင်ပအဖွဲ့အစည်းကို မလိုအပ်ဘဲ ကမ္ဘာတစ်ဝှမ်းရှိ မည်သည့်နေရာတွင်မဆို ပေးပို့လက်ခံနိုင်တာကြောင့် ငွေလွှဲမှုများကို
စျေးသက်သာပြီး မြန်ဆန်စွာ ပြုလုပ်နိုင်ပါတယ်။ ဥပမာအနေနဲ့ ကင်ညာတွင် Bitcoinကို အခြားနိုင်ငံများတွင် အလုပ်လုပ်နေသော ကင်ညာနိုင်ငံသားများကသူတို့ မိသားစုများကိုသူတို့
လုပ်အားခများဖြင့်ထောက်ပံ့ပေးပို့ရန် အသုံးပြုပါတယ်။ Bitcoin ဟာ ဘဏ်မရှိသူများအတွက် ငွေကြေးဝန်ဆောင်မှုများကို ရယူအသုံးပြုနိုင်ပါသေးတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူအများအပြားက ဘဏ်စာရင်းများနှင့် အကြွေးဝယ်ကတ်များကဲ့သို့သော ဘဏ္ဍာရေးဝန်ဆောင်မှုများကိုလူ
တိုင်းမသုံးစွဲပါဘူး။ Bitcoin ကယခုအခါသိမ်းစည်းစုဆောင်း ငွေလွှဲဖို့ အပြင် အခြားဘဏ္ဍာရေးဆိုင်ရာ စျေး၀ယ်ယူ ခြင်း၊ လေယာဥ်လက်မှတ်၀ယ်ခြင်း ကဲ့သို့ ဝန်ဆောင်မှုများကို လည်းရနိုင်ပြီ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ အယ်လ်ဆာဗေးဒေါတွင် Bitcoin ကို ယခုအခါ တရားဝင်တင်ဒါခေါ်ယူထားပြီး၊ အစိုးရက ငွေကြေးလုပ်ငန်း တိုးတက်စေဖို့ အသုံးပြုရန် နည်းလမ်းများကို ရှာဖွေနေပါသေးတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ Bitcoin ကိုအသုံးပြုခြင်းနဲ့ဆက်စပ်တဲ့ စိန်ခေါ်မှုအချို့လည်းရှိပါတယ်။
ငွေကြေးမတည်ငြိမ်မှုများ မြင့်မားခြင်း၊ တရား၀င်ခွင့်မပြုဘဲကန့်သတ်ထား ခြင်းနှင့် ဆိုက်ဘာတိုက်ခိုက်မှု အန္တရာယ်များလည်း ပါဝင်ပါတယ်။ ယခုအခါ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် Bitcoin အလားအလာကောင်းမှုများဟာ သိသာထင်ရှားပြီး နောက်ထပ်တိုးတက်လာ
ပြီးလေ့လာရကျိုးနပ်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် Bitcoin က နိုင်ငံရေးကြောင့် မတည်ငြိမ်သောငွေကြေးနှင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားခြင်းကနေ စုဆောင်းထားတဲ့ငွေများကို ကာကွယ်တဲ့ နည်းလမ်းတစ်ခု အဖြစ် မကြာသေးမီနှစ်များအတွင်း လူကြိုက်များလာပါတယ်။
အမေရိကန်သမ္မတလောင်း Robert F. Kennedy Jr. ကလည်း ဒီမိုကရေစီကြိုးပမ်းမှုအတွက် Bitcoin ဟာ မြန်မာနိုင်အတွက် အရေးပါကြောင်းထုတ်ဖော်ပြောကြားထားပါတယ်။
အာဂျင်တီးနားတွင် Bitcoin ကို နိုင်ငံရဲ့ မြင့်မားသော ငွေကြေးဖောင်းပွမှုနှုန်း အရင်းအနှီးထိန်းချုပ်မှုများကို ရှောင်ရှာဖို့ နည်းလမ်းတစ်ခုအဖြစ် အသုံးပြုခဲ့ပါတယ်။ ယခုအခါအာဂျင်တီးနားတွင် Bitcoin ကို အားပေးထောက်ခံတဲ့ သမ္မတလောင်း Javier Milei ဟာအနိုင်ရထားပါသေးတယ်။
အာဖရိကတွင်လည်း Bitcoin ကို လူများ စီးပွားရေးလုပ်ငန်း အများအပြားက အသုံးပြုနေကြပါတယ်။ အာဖရိကမိသားစုများစွာအတွက် အဓိက၀င်ငွေရင်းမြစ်ဖြစ်တဲ့ ငွေလွှဲမှုများပေးပို့ရန် Bitcoin ကိုအသုံးပြုနေလျက်ရှိပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် Bitcoin ကိုအသုံးပြုမှုဟာ အစောပိုင်းအဆင့်တွင်ရှိနေဆဲဖြစ်သော်လည်း အချိန်ကြာလာတာနှင့်အမျှ သိသာထင်ရှားသောအကျိုးသက်ရောက်မှုဖြစ်စေမဲ့ အလားအလာတွေမှာ ရှိနေပါတယ်။ ငွေကြေးဖောင်းပွမှုကို တားဆီးကာကွယ်ပေးခြင်း၊ နိုင်ငံတကာငွေလွှဲမှုများကို စျေးသက်သက်သာသာနှင့် မြန်မြန်ဆန်ဆန်ပြုလုပ်ခြင်း နှင့် ဘဏ်မရှိသူများအတွက် ငွေကြေးဝန်ဆောင်မှုများ ရယူခွင့်ပေးခြင်းကြောင့် Bitcoin က ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သန်းနှင့်ချီသောလူများ၏ဘဝများကို မြှင့်တင်ပေးနေပါတယ်။
Bitcoin က ဖွံ့ဖြိုးဆဲနိုင်ငံများကို နည်းလမ်းများစွာဖြင့် အကျိုးပြုနိုင်တဲ့ အင်တာနက်ကဲ့သို့ အလားအလာရှိသော ဆန်းသစ်ဆန်းသစ်သော နည်းပညာတစ်ခုဖြစ်ပါတယ်။
Bitcoin ကို သေချာဂရုတစိုက် အသုံးပြုပါက ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ကူညီပေးနိုင်တဲ့ အစွမ်းထက်သောနည်းပညာတစ်ခုဖြစ်ပါတယ်။
Coin Telegraph : Bitcoin soars in Argentina as Javier Milei wins presidential primary
The Impact of Cryptocurrencies in Zimbabwe. An Analysis of Bitcoins
Myanmar News : Black Market Dollar Price Rises to 3,000 Kyat
Do4Africa : Cryptocurrency adoption in Africa
https://www.facebook.com/bitcoin.MM.initiatve
(ယခု Bitcoin Myanmar Initiative Page မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)
Telegram တွင် စောင့်ဖတ်ရန် → https://t.me/BitcoinMyanmarEDU