စစ်ကိုင်းတိုင်း၊ ရွှေဘို - မန္တလေးလမ်းပိုင်း ရွှေဘိုမြို့တောင်ဘက်အထွက် မုခ်ဦးအနီးတပ်စွဲထား သည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Buffalo Soldiers Freedom Force မှ ထုတ် ပြန်သည်။
ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က လက်နက်ကြီးအလုံး ၃၀ ခန့်ဖြင့် သွားရောက် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားခြောက်ဦးသေဆုံးခဲ့ကြောင်း တာဝန်ခံဗိုလ်ကျွဲကြီးက ပြောသည်။
တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီတပ်သား ၁၅ ဦး မိုင်းကွင်းအတွင်းရောက်လာသောကြောင့် မိုင်းငါး လုံးဆွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“ ၁၁ ရက်နေ့ကစပြီး အဲဒီနားမှာ မစ်ရှင်ဖော်ဆောင်တာ နှစ်ကြိမ်ရှိပြီ။ အဲဒါကြောင့် ဒီကောင်တွေ မုခ် ပေါက်တောင်ဘက်မှာ တပ်စွဲအထိုင်လာချတာ ” ဟု ဗိုလ်ကျွဲကြီးက ပြောသည်။
တိုက်ပွဲဖြစ်ပွားရာနေရာသည် ရွှေဘိုမြို့သို့ ဝင်၊ထွက်ရန် အကောင်းဆုံးနေရာတခုဖြစ်သည့်အတွက် အရေး ပါသည့်နေရာဖြစ်ကြောင်း ဆိုသည်။
လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား သေဆုံးခြင်းမရှိသော်လည်း မိုင်းဆွဲခံရ၍ ခြောက်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထိုတိုက်ခိုက်မှုကို Buffalo Soldiers Freedom Force အဖွဲ့၊ တောကျီးကန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းမင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ SBDF စခန်း(၁)၊ တပ်ခွဲ(၁၁)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ