ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ လူမျိုးတုန်း သတ်ဖြတ်မှု Genocide လို အဖြစ်အပျက်မျိုး ထပ်ကြုံရမှာကို စိုးရိမ်တယ်လို့ တစ်ဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေက မဇ္ဈိမကို ပြောပါတယ်။
ဘင်ဂလာဒေ့ရှ်နိုင်ငံဟာ သေးငယ်တဲ့ နိုင်ငံတစ်ခုဖြစ်တာကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကျော် နေထိုင်ဖို့၊ ရိက္ခာ၊ ရေနဲ့ အိမ်သာတွေ အခက်အခဲရှိတယ် လို့လည်း ပြောပါတယ်။
ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်ဖို့ ညွှန်ကြားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လက်ရှိမှာ အာဏာသိမ်းပြီး အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ် တွမ်အင်ဒရူးက ဇွန်လအတွင်းမှာ ပြောကြားထားပါတယ်။