အရှေ့တီမော အစိုးရသစ်ကျမ်းသစ္စာ ကျိန်ဆိုပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ( NUG )နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကိုယ်တိုင် တက်ရောက်ခဲ့သည်ဟု NUG နိုင်ငံခြားရေးက ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သည်။
အာဆီယံနိုင်ငံတစ်ခုဖြစ်သည့် အရှေ့တီမောနိုင်ငံ၏ အစိုးရသစ်၏
ကျမ်းသစ္စာကျိန်ဆိုပွဲတွင် အရှေ့တီမောနိုင်ငံ သမ္မတဖြစ်သူ ဟိုဆေး ရားမို့စ်ဟော်တာ က မ်ိန့်ခွန်းပြောကြားရာ မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် NUG အစိုးရ၏ ချက်ပြည်ထောင်စုသမ္မတနိုင်ငံ ကိုယ်စားလှယ် ဦးလင်းသန့်တို့ကို ထည့်သွင်းနှုတ်ဆက်သွားခဲ့ကြောင်း NUG နိုင်ငံခြားရေးက ထုတ်ပြန်သည်။
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#mizzima
#ဒေါ်ဇင်မာအောင်
#NUG
#အရှေ့တီမော #အစိုးရသစ်
#ကျမ်းသစ္စာကျိန်ဆိုပွဲ