ထိုင်းနိုင်ငံ၏ ဘန်ကောက်မြို့တော်သည် မြို့ပြဆက်လက်ဖွံ့ဖြိုးခြင်းနှင့် ပင်လယ်ရေမြင့်တက် လာခြင်းတို့ကြောင့် နှစ်နှစ်ဆယ် အတွင်းရေအောက်ြုမုပ် သွားနိုင်ခြေရှိကြောင်း ထိုင်းအမျိုးသားပြန်လည်ထူထောင်ရေးကော်မတီ NRC က အတည်ပြုပြောကြား သည်။
အစိုးရအနေဖြင့် ဘန်ကောက်မြို့ပြဿနာအတွက် အမျိုးသားကော်မတီတစ်ရပ် ထူထောင်ကာဖြေရှင်း သင့်ချိန်ရောက် ပြီဖြစ်ကြောင်း လည်း ယင်းအဖွဲ့က အကြံပြုထားပြီး ဘန်ကောက်မြို့ ရေအောက်ရောက်သွားမည့် ဘေးကို အစီရင်ခံတင်ပြခဲ့ခြင်းဖြစ်သည်။
အထပ် နှစ်ဆယ်မိုးမျှော်တိုက်များ များပြားလာခြင်းနှင့် စက်မှုဖွံ့ဖြိုးမှုများက ဘန်ကောက်မြို့အတွက် အန္တရာယ်ဖြစ်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဘန်ကောက်မြို့တော်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၀ ဒသမ ၅ နှင့် ၂ မီတာကြားတွင် တည်ရှိသည့်မြို့ဖြစ်ပြီး တစ်နှစ် လျှင် မြေနိမ့်ဆင်းမှု ၁၀ မီလီမီတာ ကြုံတွေ့နေကြောင်း ရေအရင်းအမြစ်ပညာရှင်များက ပြောသည်။
ဘန်ကောက်မြို့အတွက် စိုးရိမ်ရသည့် အန္တရာယ်တွင် မြို့ပြဖွဲ့ဖြိုးမှုနှင့် အခြေခံအဆောက်အအုံများ ကြီးထွားလာခြင်းတို့ကြောင့် အပြင် စည်းကမ်းမဲ့မြေအောက်ရေထုတ်ယူသုံးစွဲခြင်းများသည်လည်း ဘေးတစ်ရပ်အဖြစ်ရှိနေခြင်းဖြစ်သည်။
Ref: CNA