အခုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့သတင်းတိုလေးတွေကို ပြောပြပေးချင်ပါတယ်။ အရောင်အသွေးအလှဆုံး ခရမ်းရောင်စွက် ပန်းရောင်စိန်တုံးကြီးတတုံးကို လေလံဈေးအမြင့်ဆုံးနဲ့ ရောင်းလိုက်ရပါတယ်။ အိန္ဒိယမှာတော့ တကီလို ဒေါ်လာ ၁၂၀၀ တန် ဂျပန်သရက်သီးစိုက်ပျိုးရောင်းချနေပါတယ်။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ်သတင်းတိုလေး တွေကို မအေးသန္တာကျော် တင်ပြထားပါတယ်။