ရက္ခိုင့်တပ်မတော် AA ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီရဲ့ NSPNC တို့ ပထမနေ့တွေ့ဆုံမှု ဖမ်းဆီးထားသူများပြန်လွှတ်ရေး၊ မတရားအသင်းမှ ပယ်ဖျက်ရေးကိစ္စများအပါအဝင် အခြားကိစ္စများရပ်များ ဆွေးနွေးခဲ့ပြီး ဇွန်လ ၂ ရက်နေ့မှာ ဆက်ဆွေးနွေးသွားမယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဇွန်လ ၁ ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ ၄ မိုင်းလားမြို့ အရှေ့တိုင်း ဧည့်ရိပ်မွန်ဟိုတယ်မှာ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC) နဲ့ ရက္ခိုင့်တပ်မတော်(AA)၊ ကိုးကန့်တပ်မတော် (MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့ တွေ့ဆုံခဲ့ကြတာပါ။
စစ်တပ်က ဆွေးနွေးချင်တဲ့ အချက်တွေထဲမှာ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစီ နိုင်ငံရေး၊ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရေးဆိုတဲ့ အချက်တွေပါဝင်တယ်လို့ သိရပါတယ်။