ဇူလိုင် ၂၁၊ မက်ဒရစ်။ ။ အက်သလက်တီကိုမက်ဒရစ်အသင်းသည် ဖီအိုရင်တီးနားနောက်ခံကစားသမား ဆာဗစ်ကို ငါးနှစ်စာချုပ်ဖြင့် အပြီးသတ်ခေါ်ယူလိုက်ပြီ ဖြစ်သည်။
မွန်တီနီဂရိုးနောက်ခံကစားသမား ဆာဗစ်ကို ခေါ်ယူနိုင်ရန်အတွက် အက်သလက်တီကိုအသင်းသည် ပြောင်းရွှေ့ကြေးယူရို ၁၂ သန်းအပြင် မာရီယိုဆွာရက်ဇ်ကိုပါ အလိုက်အဖြစ် ပေးခဲ့ရသည်ဟု အသင်းပရိသတ်များ၏စာမျက်နှာတွင် ဖော်ပြထားသည်။
ဆာဗစ်သည် ယခုလအစောပိုင်းက အင်တာမီလန်အသင်းသို့ ရောက်ရှိတော့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော် အက်သလက်အသင်းမှ ဘရာဇီးနောက်ခံလူ မီရန်ဒါမှာ အင်တာသို့ရောက်ရှိသွားခဲ့ပြီးနောက် အက်သလက်အသင်းသည် မီရန်ဒါနေရာတွင် အစားထိုးရန် ဆာဗစ်ကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
အက်သလက်အသင်းသို့ ရောက်ရှိလာသည့် မီရန်ဒါက 'ဒီလို ဂရိတ်အသင်းတစ်သင်းကို ပြောင်းရွှေ့လာရလို့ ပျော်ပါတယ်။ အသင်းဖော်တွေနဲ့ တွေ့ဆုံပြီး ဒီအသင်းကြီးမှာ ပါဝင်ဖို့ အရမ်းကို စိတ်အားတက်ကြွနေပါပြီ။ ဆီမြွန်နီဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးနည်းပြတစ်ဦးပါ။ မကြာခင်မှာ သူနဲ့တွေ့ဆုံပြီး ကျွန်တော့်ဆီကနေ သူဘာတွေလိုချင်တယ်ဆိုတာကို သိရမယ်လို့ မျှော်လင့်ပါတယ်' ဟု ပြောသည်။
အက်သလက်အသင်း၏ အားကစားဒါရိုက်တာ ကာမီနီရိုကလည်း အသက် ၂၄ နှစ်အရွယ်ရှိဆာဗစ်သည် လျှင်မြန်ပြီး ကြံ့ခိုင်သည့် နောက်ခံကစားသမားတစ်ဦးဖြစ်သည့်အပြင် ဆားဘီးယား၊ အင်္ဂလန်နှင့် အီတလီတို့တွင် ကစားခဲ့သူဖြစ်ခြင်းကြောင့် အတွေ့အကြုံများစွာရှိသူဖြစ်ပြီး အသင်းအတွက် များစွာအထောက်အကူပြုမည့်သူဟု ချီးမွမ်းခဲ့သည်။
ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း