အမေရိကန်ပြည်ထောင်စုမှာ အိမ်မှားပြီး တံခါးခေါက်မိတာ၊ ခြံမှားပြီး ကားမောင်းဝင်မိတာ၊ အိမ်နီးချင်းခြံထဲ ကျသွားတဲ့ ဘောလုံးဝင်ကောက်မိတာ - စတဲ့ ဖြစ်ရပ်တွေက လတ်တလော ပစ်ခတ်မှုတွေရဲ့ အကြောင်းအရင်း ဖြစ်လာနေပါတယ်။ ဒါဟာ အမေရိကန်မှာ သေနတ်ဝယ်ယူခွင့်တင်းကြပ်ဖို့ ဥပဒေတွေလိုအပ်လာနေတာကို ပြသနေတယ်လို့ သေနတ်ကိုင်ဆောင်ခွင့် တားမြစ်ဖို့ တောင်းဆိုသူတွေက ပြောပါတယ်။ VOA သတင်းထောက် Laurel Bowman သတင်းပေးပို့ထားတာကို မမြသဇင်အောင် တင်ဆက်ထားပါတယ်။