ဘီဘီစီ၏ အစီအစဉ်များကို လျှော့ချခြင်းမပြုရန် ဗြိတိသျှဝန်ကြီးချုပ်အား ကမ္ဘာအဝှမ်းမှ အနုပညာရှင် ၂ ဒါဇင်ကျော်က အိတ်ဖွင့်ပေးစာ တစ်စောင် ရေးသားကာ တိုက်တွန်းခဲ့ကြသည်။
ထိုအိတ်ဖွင့်ပေးစာအား လက်မှတ်ရေးထိုးခဲ့သူများထဲတွင် ဂျိမ်း(စ်)ဘွန်းမင်းသား Daniel Craig နှင့် ရုပ်ရှင်မင်းသမီးကြီး Judi Dench တို့လည်း ပါဝင်ပြီး၊ ခိုင်မာအားကောင်းသော ဘီဘီစီသည် ဗြိတိန်အတွက် အရေးပါလှကြောင်း ရေးသားထားသည်။
“ဘီဘီစီ အားနည်းသွားမယ်ဆိုရင် ဗြိတိန် အားနည်းသွားသလိုမျိုး အဓိပ္ပါယ်သက်ရောက် သွားမှာပါ” ဟု စာထဲ တွင်ရေးသားထား သည်။
ဘီဘီစီ၏ အစီအစဉ် များအားလျှော့ချ သင့်ကြောင်း အကြံပြုဖွယ်ရှိသည့် အစိုးရ စာတမ်းတစ်စောင် ထွက်မလာမီတွင် အနုပညာ ရှင်များက ဝန်ကြီးချုပ်ထံ အိတ်ဖွင့်ပေးစာ ရေးသားခဲ့ကြခြင်း ဖြစ်သည်။
ဟယ်ရီပေါ်တာစာရေးဆရာမ ဂျေကေရိုးလင်း နှင့် ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာ ရစ်ချတ်ကာ့တစ်(စ်) တို့လည်း ပါဝင် လက်မှတ်ရေး ထိုးခဲ့ကြသည်။
“ဘီဘီစီဟာ အရမ်း တန်ဖိုးရှိတဲ့ ဌာနတစ်ခုပါ” ဟု အိတ်ဖွင့်ပေးစာထဲတွင် ရေးသားထားသည်။
Ref: BBC