ချယ်လ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာက တနင်္ဂနွေနေ့က တော့တင်ဟမ်ကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် သူ့အပေါ် ဖိအားတွေ ပိုတိုးလာခဲ့ပြီး ကလပ်ဘုတ်အဖွဲ့ရဲ့ ပံ့ပိုးမှုအပေါ် အချိန်အကြာကြီး အားကိုးလို့မရနိုင်ကြောင်း ဝန်ခံခဲ့ပါတယ်။
အိုလီဗာစကီးနဲ့ ဟယ်ရီကိန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ စပါးအသင်းဟာ အမှတ်ပေးဇယားအဆင့် ၅ နေရာက နယူးကာဆယ်ကို လေးမှတ်အသာ (နှစ်ပွဲပို ကစားထား)နဲ့ ပရီးမီးယားလိဂ်ထိပ်သီးလေးသင်းထဲ ရောက်ခဲ့တာပါ။
ချယ်လ်ဆီးဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တတိယအကြိမ်မြောက် ဥရောပဖလား ဆွတ်ခူးခွင့် မဖြစ်နိုင်တဲ့ ပြေးလမ်းပေါ်မှာ ရှိနေပုံရပြီး သူတို့ဟာ အဆင့် ၁၀ မှာ ရှိနေတာကြောင့်ဖြစ်ပါတယ်။
ဒီရာသီမှာ ကစားသမားသစ်တွေအတွက် ပေါင် သန်း ၅၀၀ (ဒေါ်လာ သန်း ၆၀၀) ကျော် သုံးစွဲထားပေမယ့်လည်း ပေါ်တာရဲ့ အသင်းဟာ အခုဆိုရင် ပြိုင်ပွဲစုံ ၁၅ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိထားပါတယ်။
“တာဝန်ယူမှုကို ကျနော် သိပါတယ်”လို့ ပေါ်တာက ပြောပါတယ်။ "(ရလဒ်တွေ) က ဒီကလပ်အတွက် မလုံလောက်ပါဘူး။ သူတို့အတွက် ကျနော် မပျော်ပါဘူး ။ အဲဒီရလဒ်အတွက် ကျနော် အပြည့်အဝ တာဝန် ရှိပါတယ် ။
ချယ်လ်ဆီးအသင်းပိုင်ရှင်အသစ်တွေဟာ ပေါ်တာကို ထောက်ခံအားပေးမှုမှာ အခုအချိန်အထိ တည်ကြည်နေဆဲဖြစ်ပါတယ်။
ဒါပေမယ့် စိတ်ရှည်သည်းခံမှု ပါးပါးလေးရှိရမှာဖြစ်ပြီး ချယ်လ်ဆီးအသင်းဥက္ကဋ္ဌနဲ့ တွဲဖက်ပိုင်ရှင် တော့ဘိုလေဟာ တော့တင်ဟမ်ဟော့စပါးကွင်းမှာ သူ့ရဲ့ကလပ်က ကစားတဲ့ပွဲကို ကြည့်ရှုဖို့ တက်ရောက်ခဲ့ပါတယ်။
"တကယ်လို့ ရလဒ်တွေက လုံလောက်မှု မရှိသေးဘူး၊ သူတို့ဟာ အခိုင်အတန့်မဟုတ်ဘူးဆိုရင် ခင်ဗျားဟာ အထောက်အပံ့ကို ထာဝစဉ် အားကိုးလို့ မရပါဘူး"လို့ ပေါ်တာက ဖြည့်ဆွတ်ပြောခဲ့ပါတယ်။
"ကျနော့်အလုပ်က ဆက်လုပ်နေဖို့၊ အခိုက်အတန့်တွေကို ကြိုးစားပြီး ပြောင်းလဲဖို့ပါ။ ကစားသမားတွေ နာကျင်နေတယ်။ အဲဒါက ကျနော်တို့အတွက် ခက်ခဲတဲ့ အခိုက်အတန့်ပါပဲ။"
ချယ်လ်ဆီးဟာ သူတို့ရဲ့ နောက်ဆုံးခြောက်ပွဲမှာ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
Ref; AFP