တရုတ်ကွန်မြူနစ်ပါတီက ဗြိတိန်ရှိ ရင်းနှီးမြှုပ်နှံမှုများမှ ၈ နှစ်အတွင်း ပေါင် ၁ ဘီလီယံ အမြတ်ငွေရရှိ

By Daily Mail
06 January 2023
တရုတ်ကွန်မြူနစ်ပါတီက ဗြိတိန်ရှိ ရင်းနှီးမြှုပ်နှံမှုများမှ ၈ နှစ်အတွင်း ပေါင် ၁ ဘီလီယံ အမြတ်ငွေရရှိ

တရုတ်အာဏာရှင်အစိုးရသည် တရုတ်ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (CIC) ခေါ် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေဖြင့်  ဗြိတိန်တွင် ပေါင် ၄၅ ဘီလီယံထက်မနည်းသော ပိုင်ဆိုင်မှုများ ရှိနေသည်။ 

ပိုင်ဆိုင်မှုများတွင် ၂၀၁၇ မှ ၂၀၂၁ ခုနှစ်အတွင်း CIC ကို အမြတ်ဝေစုအဖြစ် ပေါင် ၁၆၂ သန်းပေးခဲ့သည့် ဟီသရိုးလေဆိပ်နှင့် ၂၀၂၁ ခုနှစ်တွင် CIC အား ပေါင် ၂၁၈ သန်း ပေးနိုင်ခဲ့သည့် မြောက်ပိုင်းပင်လယ်ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီ Neptune တို့ရှိ ရှယ်ယာများ ပါဝင်သည်။
ထို့ပြင် တရုတ်နိုင်ငံတော်ဗဟိုဘဏ်သည် စွမ်းအင်ကုမ္ပဏီများဖြစ်သည့် Shell တွင် ပေါင် ၂ ဒသမ ၅ ဘီလီယံနှင့် BP တွင် ပေါင် ၁ ဒသမ ၄ ဘီလီယံရှိ ရှယ်ယာများအပါအဝင် ဈေးကွက်ရင်းနှီးမြှုပ်နှံမှုအများဆုံး ကုမ္ပဏီ ၁၀၀ (FTSE 100) အနက် ဒါဇင်နှင့်ချီသော ကုမ္ပဏီများစွာတွင် ရှယ်ယာများရှိပြီး ၎င်းကုမ္ပဏီအများအပြားမှ အမြတ်အစွန်းအမြောက်အများ ရရှိနေသည်။
ဗြိတိန်သည် တရုတ်ကွန်မြူနစ်ပါတီ၏ မှီခိုမှုထောင်ချောက်ထဲသို့ သက်ဆင်းနေကြောင်း ကိန်းဂဏန်းများက ဖော်ပြနေသည်ဟု အကြီးတန်း တိုရီပါတီဝင်များက သတိပေးထားသည်။
တရုတ်နှင့် ဟောင်ကောင်ရှိ ရင်းနှီးမြှုပ်နှံသူများသည် ဗြိတိန်တွင် ပေါင် ၁၅၂ ဘီလီယံတန်ဖိုးရှိ ပိုင်ဆိုင်မှုများရှိကြောင်း The Sunday Times သတင်းစာက ဖော်ပြခဲ့သည်။
တရုတ်၏ လူ့အခွင့်အရေးအခြေအနေကို ဝေဖန်သဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုခံထားရသည့် တိုရီ ခေါင်းဆောင်ဟောင်း လီယန်ဒွန်ကန်စမစ်က ''ဗြိတိသျှအစိုးရ အဆက်ဆက်က ကျွန်တော်တို့အပေါ် ပစ်ချခဲ့တဲ့ နောက်ကြောင်းမရှင်းတဲ့ အရှုပ်ထုပ်တစ်ခုပါပဲ” ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required