ဒီဇင်ဘာလ ၂၄ ရက်
" သမ္မတက ကြိုက်တဲ့အကြောင်းပြချက်နဲ့ ကြိုက်တဲ့ငွေ Amount ကို Approve လုပ်လို့ရတယ်"
အမေရိကန်ကာကွယ်ရေးအသုံးစားရိတ်ဥပဒေမူကြမ်း National Defence Authorization Act (NDAA) ကို ဒီမနက်မှာပဲ သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးလိုက်ပါပြီ။
ဒီဥပဒေမှာ မြန်မာနိုင်ငံ ဖက်ဒရယ်နဲ့ ဒီမိုကရေစီအရေး နွေဦးတော်လှန်ရေး အထောက်အပံ့ဖြစ်စေဖို့ အကူညီတွေပေးမယ့် Burma Act ဥပဒေက တစ်စိတ်တစ်ပိုင်းအဖြစ်ပါလာပါတယ်။ NDAA က မြန်မာ့အရေးအတွက် ဘယ်လိုကဏ္ဍတွေအထောက်အပံ့ပေးမယ်၊ ဘယ်လိုအဖွဲ့အစည်းတွေကို အကူညီထောက်ပံ့မှုတွေလုပ်မယ်၊ အထောက်အပံ့ပေးမယ့် အချိန်အတိုင်းအတာနဲ့ မြန်မာအဖွဲ့အစည်းတွေဘာတွေပြင်ဆင်ထားသင့်တယ်ဆိုတဲ့ အရေးကြီးတဲ့အကြောင်းအရာတွေကို သုံးသပ်တင်ပြထားတဲ့ အင်တာဗျူး။
မဇ္ဈိမ သတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာဦးစိန်ဝင်းမေးမြန်းထားတဲ့ ဒီအင်တာဗျူးကို ဖြေဆိုသူကတော့ NDAA ကို အသေးစိတ်လေ့လာထားတဲ့ အမေရိကန်နိုင်ငံ ဘတ်ဖလိုးမြို့မှာနေထိုင်တဲ့ Burma Community Service တည်ထောင်သူ စတီဗင်စန်းယုဖြစ်ပါတယ်။
အင်တာဗျူးကို နှစ်ပိုင်းခွဲတင်ပြထားသည်။