ပါကစ္စတန်ကသဘာဝအရင်းအမြစ်များကိုဆက်လက်အသုံးချနေပြီးတရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) ကိုဆက်လက်လုပ်ဆောင်ရန်ပါကစ္စတန်၏စဉ်ဆက်မပြတ်ကြိုးပမ်းမှုများကြောင့်ပါကစ္စတန်ပိုင် ကက်ရှ်မီးယားရှိ ဂယ်လ်ဂစ်-ဘယ်တီဆန်(GB) ဒေသခံများကဒေါသထွက်နေကြသည်။
ဒေသခံများကိုအကာအကွယ်ပေးရေးအကြောင်းပြ၍ဂယ်လ်ဂစ်-ဘယ်တီဆန်ဒေသသို့ မကြာသေးမီက ပါကစ္စတန်စစ်တပ်ကိုစေလွှတ်ခဲ့သော်လည်း တရုတ်၏ သဘာဝအရင်းအမြစ်များကို အလွန်အကျွံ အမြတ် ထုတ်ခြင်းတွင် ကူညီဆောင်ရွက်ပေးနေခြင်းကြောင့် ဒေသခံများကဒေါသထွက်နေသည်ဟု IFFRAS သကဖော်ပြခဲ့သည်။
သဘာဝအရင်းအမြစ်များတည်ရှိနေခြင်းကဒေသတိုးတက်ရေးနှင့်သာယာဝရေးကိုအထောက်အကူဖြစ်စေသော် လည်း ဂယ်လ်ဂစ်-ဘယ်တီဆန်တွင်ဆန့်ကျင်ဘက်ဖြစ်နေသည်။
ယင်းဒေသသည်ဖွံ့ဖြိုးတိုးတက်မှုအတွက်အလားအလာအလွန်ကောင်းသော်လည်းစတင်တည်ထောင်ချိန်မှစ၍ လျစ် လျူရှုမှုအခံရဆုံးဒေသဖြစ်သည်။
ယင်းဒေသတွင်ဒေါ်လာဘီလီယံပေါင်းများစွာတန်ကြေးရှိသောသတ္တုနှင့်ရေအရင်းအမြစ်များစွာကြွယ်ဝသော် လည်း မူဝါဒချမှတ်သူများ၏လျစ်လျူရှုမှုကြောင့် ဒေသခံများမှာအလွန်အမင်းဆင်းရဲမွဲတေမှု ခံစားနေရသည်။
မကြာသေးမီကဂယ်လ်ဂစ်-ဘယ်တီဆန်ဝန်ကြီးချုပ်ခါရှစ်ခန်က ဗဟိုအစိုးရက ဒေသဖွံ့ဖြိုးတိုးတက်ရေး ဘတ်ဂျက်ကို ပါကစ္စတန်ရူပီး၂၃ဘီလီယံသို့ထက်ဝက်လျှော့ချပြီး ဒေသခေတ်နောက်ကျစေရန် ရည်ရွယ်ချက်ရှိရှိကြိုးပမ်းနေကြောင်းစွပ်စွဲခဲ့သည်၊
CPEC စီမံကိန်းအောက်တွင် ကြီးမားသော ရေကာတာများ၊ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ ယူရေနီယမ်နှင့်အကြီးစားသတ္တုထုတ်ယူခြင်းတို့ကိုGB တွင်လုပ်ဆောင်ခဲ့သည်။ ယင်းစီမံကိန်းများကြောင့်ဒေသခံများ၏လူနေမှုဘဝများနှင့်သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ရေးကိုထိခိုက်စေသည်။ဂယ်လ်ဂစ်-ဘယ်တီဆန်ဒေသသည် ပါကစ္စတန်အတွက်သောက်သုံးရေနှင် ့စိုက်ပျိုးရေ၏ ထက်ဝက်ကျော်ကို ပံ့ပိုးပေးနေသည်။