အစွန်းရောက်အဖွဲ့များနှင့် ချိတ်ဆက်မှုရှိသည့် နှစ်နိုင်ငံသားခံယူထားသူများကို သြစတြေးလျတွင် နိုင်ငံသားဖြစ်ခွင့်မှ ပယ်ဖျက်နိုင် မည့် ဥပဒေသစ်ကို ပြဌာန်းမည်ဖြစ်သည်။
နိုင်ငံရပ်ခြား၌ စစ်သွေးကြွအဖွဲ့များဖက်က ပူးပေါင်းတိုက်ခိုက်နေသည့် နှစ်နိုင်ငံသားခံယူထားသူများ သြစတြေးလျနိုင်ငံ သို့ပြန်လည် ဝင်ရောက်ခွင့်မရရန် ဥပဒေသစ် ပြဌာန်းခြင်းဖြစ်ကြောင်း အစိုးရကပြောသည်။
သြစတြေးလျနိုင်ငံတွင်းမှာလည်း အကြမ်းဖက်မှုများနှင့် ပတ်သက်နေသည့် နှစ်နိုင်ငံသားခံယူထားသူများကို ယခုဥပဒေ သစ်ဖြင့် နိုင်ငံသားဖြစ်ခွင့်မှ ပယ်ဖျက်နိုင်မည်ဖြစ်သည်။
သြစတြေးလျနိုင်ငံသားဖြစ်ခွင့် ပြင်ဆင်ပြောင်းလဲခြင်းဥပဒေသစ်ကို ဇွန် ၂၄ ရက် တွင် ပါလီမန်သို့ တင်သွင်းမည်ဖြစ်ကြောင်း အစိုးရကပြောသည်။
အရှေ့အလယ်ပိုင်းတွင် အိုင်အက်စ်တို့ဖက်က ပါဝင်တိုက်ခိုက်လျက်ရှိသည့် သြစတြေးလျနိုင်ငံသား ၁၂၀ မှ ထက်ဝက်ကျော်ကို ယခုဥပဒေသစ်အရ အရေးယူသွားနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်တိုနီအဘော့ကပြောသည်။
”၂၀၀၇ သြစတြေးလျနိုင်ငံသားဖြစ်ခွင့်ဥပဒေကို ပြင်ဆင်မွမ်းမံတဲ့ ဥပဒေသစ်က အစွန်းရောက်အဖွဲ့များအတွက် တိုက်ခိုက်ပေးနေတဲ့၊ အစွန်းရောက်အဖွဲ့တွေနဲ့ ချိန်ဆက်ပတ်သက်တဲ့ နှစ်နိုင်ငံသားခံယူထားသူတွေကို အလိုအလျှောက် သြစတြေးလျနိုင်ငံသားအဖြစ်ကနေ ဆုံးရှုံးရမှာဖြစ်တယ်။”ဟု အဘော့က ဇွန် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
Ref: BBC