အိမ်ရှင်နိုင်ငံက အီကွေဒေါကို ၂-၀ နဲ့ ရှုံးခဲ့တဲ့အတွက် တနင်္ဂနွေနေ့က ကာတာမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကို ပရိသတ် ထောင်ပေါင်းများစွာ စောစောစီးစီး ထပြန်သွားခဲ့တယ်လို့ အားကစားကွင်းအတွင်းက AFP သတင်းထောက်တွေက ပြောပါတယ်။
ဒိုဟာမြို့အပြင်ဘက် ကီလိုမီတာ ၅၀ (၃၁ မိုင်) ကွာဝေးတဲ့ Al Khor ရှိ Al Bayt အားကစားကွင်းဟာ ပွဲမစမီ ဖွင့်ပွဲအခမ်းအနားအတွက် ပရိသတ် ပြည့်သွားခဲ့ပြီး တရားဝင်လာရောက်ကြည့်ရှုသူ ၆၇,၃၇၁ ဦးရှိခဲ့တယ်လို့ ဖီဖာရဲ့ စာရင်းအရ သိရပါတယ်။
ဒေါ်လာ ၃၆ ဘီလီယံ အကုန်အကျခံပြီး ဒီပြိုင်ပွဲအတွက် အထူးတည်ဆောက်ထားတဲ့ မြေအောက်ရထားလိုင်းရှိရာ ကျယ်ပြောလှတဲ့ Lusail ရထားဘူတာကို လူထောင်ပေါင်းများစွာ ရောက်ရှိလာကြပြီး ပရိသတ်တွေဟာ သူတို့ရဲ့ နောက်ဆုံးခြေလှမ်းအတွက် ဘတ်စ်ကားတွေနဲ့ လိုက်ပါလာခဲ့ကြပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေ တင်းမာနေပုံရပြီး ဝေဖန်သူအများအပြားက ကမ္ဘာ့ဖလားကို ဘယ်တော့မှ ကျင်းပခွင့်မပြုသင့်လို့ဆိုတဲ့ ဒီပင်လယ်ကွေနိုင်ငံကို ကမ္ဘာက သတိထားကြည့်နေပါတယ်။
ကြီးကျယ်ခမ်းနားသော ကျင်းပရာနေရာကို ပရိသတ်တွေ ရောက်ရှိလာတာနဲ့ ကုလားအုတ်တွေနဲ့ မြင်းတွေဟာ ကွေ့ပတ်လမ်းဆီ တန်းစီနေကြပါတယ်။
အီကွေဒေါနိုင်ငံမှာ နေထိုင်သူ အီကွေဒေါနိုင်ငံသား ကားလို့စ် အယ်လ်ဗားက "ဒီမှာနေရတာ တကယ်ကိုထူးခြားပါတယ်။ အရှေ့အလယ်ပိုင်းမှာ ပထမဆုံးကမ္ဘာ့ဖလားပါ။ ဒါက သမိုင်းဝင်ဖြစ်ပြီး အီကွေဒေါက
အဖွင့်ပွဲစဉ်အတွက် ဒီကိုရောက်လာတာပါ။
"ရိုးရိုးသားသား ပြောရရင်တော့ နည်းနည်းတော့ ထူးထူးဆန်းဆန်းပါပဲ။ တော်တော်ဆိနေတဲ့တိုင် အီကွေဒေါနိုင်ငံသားတွေ ရှိမယ်ထင်ထားတာထက် အများကြီး ရှိနေတယ်။ ဒါပေမယ့် ဒီအဆောက်အဦးတွေအားလုံးက တော်တော်အလွတ်ဖြစ်နေပုံရတယ်။"လို့ ပြောပါတယ်။
ပထမပိုင်းပိုင်းတင် ကာတာအသင်းက ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ချိန်မှာပဲ ရာနှင့်ချီတဲ့ ပရိသတ်တွေ ကွင်းတွင်းကနေ စတင်ထွက်ခွာခဲ့ကြပါတယ်။
ဒုတိယပိုင်းမှာ ပွဲက ပြီးသလိုဖြစ်လာတာနဲ့အတူ နောက်ဆုံး ပွဲသိမ်းဝီစီမမှုတ်ခင်အထိ ပရိသတ်တွေ ကွင်းတစ်ဝက်ပြည့်နီးပါးလောက် တဆထက်တဆ ထွက်ခွာခဲ့ကြပါတယ်။
ပွဲကတော့ ၂-၀ နဲ့ ပြီးသွားပါတယ်။
Ref; AFP