ပါကစ္စတန်နိုင်ငံတွင် အမျိုးသမီး အများအပြားသည် နိုင်ငံသား သက်သေခံကတ်ပြားများ မရှိသေးသောကြောင့် မည်သည့် ပြည်တွင်း လှုပ်ရှားဆောင်ရွက်မှု အရေးကိစ္စကိုမှ ပါဝင်နိုင်ခြင်း မရှိကြောင်း Daily Times မီဒီယာက ဖော်ပြသည်။
လူပုဂ္ဂိုလ်တစ်ဦးကို မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြားထုတ်ဖော်ရန် သက်သေခံ ကတ်ပြားတစ်ခုကို အသုံးပြုသလို ထိုလူပုဂ္ဂိုလ်ကို နိုင်ငံ၏ စိစစ် အတည်ပြုနိုင်သော/တရားဝင်ခွင့်ပြုခံရသော နိုင်ငံသားတစ်ဦးအဖြစ် ထိုကတ်ပြားတွင် အမှတ်သညာပြုသည်။ ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် အစိုးရက ပြည်သူများကို ခွင့်ပြုပေးထားသည့် အခြေခံအခွင့်အရေးများကို အသုံးချပြီး လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို အများပြည်သူ ဝန်ဆောင်မှုများ ခံစားရရှိစေရန်၊ အများပြည်သူ ရင်းမြစ်များ ရယူနိုင်စေရန် သက်သေခံ ကတ်ပြားက တရားဝင် အကြောင်းရင်းတစ်ခုအဖြစ် ပေးအပ်သည်။
ပါကစ္စတန်၏ ပြည်နယ်တစ်ခုဖြစ်သော ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် အမျိုးသမီး ၂ ဒသမ ၆ သန်းနီးပါးသည် နိုင်ငံသားသက်သေခံကတ်ပြားများ ပိုင်ဆိုင်ထားခြင်း မရှိကြောင်း အကျိုးအမြတ် မယူသည့် အဖွဲ့တစ်ခုဖြစ်သည့် Trust for Democratic Education and Accountability က ဖော်ပြသည်။
အခြားပြည်နယ်များတွင်လည်း အများပြည်သူ လူမှုဘဝတွင် အမျိုးသမီးများ တန်းတူရည်တူ ကိုယ်စားပြုနိုင်ခွင့် ပိတ်ပင်ခံနေရသည့် တူညီသော အခြေအနေကို ထုတ်ဖော်နိုင်ကြောင်း Daily Times မီဒီယာက ဖော်ပြသည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) အောက်တွင် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် အစိုးရသည် ၂၀၂၀ ပြည့်နှစ်က အမျိုးသမီးများ၏ နိုင်ငံသားဖြစ်မှု အခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်စရာ စစ်တမ်းတစ်ရပ်ကို ကောက်ယူခဲ့သည်။