ကချင်ပြည်နယ်၊ ဖားကန့်မြို့ အနန့်ပါအတွက် ရှုတ်ချပွဲနဲ့ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဖားကန့်မြို့မှော်လှည့်သပိတ်စစ်ကြောင်းက ယနေ့တွင် လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဖားကန့်မြို့ မှော်ဝမ်းကြီးမှော်မှ စတင်၍ မှော်အချို့ကို လူထုသပိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ တားမြစ်ကန့်သတ်ထားသည့်ကြားမှ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။
ယခုဆန္ဒဖော်ထုတ်မှုကို အင်တာနက်ကန့်သတ်ထိန်းချုပ်မှုရှိနေသည့်နေရာမှ ပေးပို့လာခဲ့ခြင်း ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#အင်တာနက်ကန့်သတ်ထိန်းချုပ်မှု
#ဖားကန့်မြို့
#ဆန္ဒဖော်ထုတ်
#အနန့်ပါ