ဒါကာ၊ ဇွန် ၁၉ ။ ။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးကို မြန်မာဘက်က ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောပြရန် မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဇွန် ၁၈ တွင် ဆင့်ခေါ်ခဲ့သည်။
အဆိုပါတပ်ဖွဲ့ဝင်အား အချက်ခြင်းပြန်လွှတ်ပေးရေးအတွက် မြန်မာအစိုးရအားပြောကြားရန် သံအမတ်ကြီး ဦးမျိုးမြင့်သန်းကို တောင်းဆိုခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။