(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် “သွေးမအေးတဲ့ ရွှေနွယ်သွေး” စာသားပါဘန်နာကိုင်စွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။
“သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း” သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု(၅၂၇) ရက်မြောက်နေ့အဖြစ် ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ချီတက်သပိတ်မှောက်ကြခြင်းဖြစ်သည်။
စာတည်း။ ။စောဖေ