ပါရီ၊ ဇွန် ၁၅ ။ ။ ဆော်ဒီအာရေးဘီယားလေကြောင်းလိုင်းက ဒေါ်လာ ရှစ်ဘီလျံဝန်းကျင် တန်ဘိုးရှိ အဲဘတ်စ်ခရီးသည်တင်လေယာဉ် အစင်း ၅၀ ကိုမှာယူလိုက် ပြီဖြစ်ကြောင်း ၎င်းလေကြောင်းလိုင်းက ပါရီလေကြောင်းပြပွဲတွင် ဇွန် ၁၅ က ကြေညာခဲ့ခြင်းဖြစ်သည်။
မှာယူသည့်လေယာဉ်များတွင် Airbus A330-300 Regionals လေယာဉ်အစင်း၂၀နှင့် Airbus A320ceos လေယာဉ် အစင်း ၃၀ ပါဝင်ကြောင်း အဲဘတ်စ်က ပြော ကြားခဲ့သည်။
ထို့အပြင် ဆော်ဒီလေကြောင်းလိုင်းသည် Regionals များကို ပထမမဆုံး ပျံသန်းမည့် လေကြောင်းလိုင်းဖြစ်မည်ဟုလည်း အဲဘတ်စ်က ပြောကြားခဲ့သည်။ အလယ် အလတ်အရွယ်အစားရှိ ယင်းလေယာဉ်သည် ခရီးသည် ၄၀၀အထိတင်ဆောင်နိုင်ပြီး ကီလိုမီတာ ၅,၀၀၀အကွာအဝေးထိပျံသန်းနိုင်သည်။